Professional Authors

လူရွှင်တော် ငိုနေသည်…(သို.) မှားနေသောစာလုံးပေါင်းများ(ရင်တွင်းမှမြစ်ဖျားခံသော…)

စွန်.ပစ်ခဲ့တာ မဟုတ်ပါဘူး…
ငါတွဲထားတဲ့ လက်တစုံကြောင့်
နင်ပင်ပန်းနေတာ မကြည့်ရက်တော့လို.
စွန်.လွှတ်ခဲ့တာပါ…

မုန်းသွားတာ မဟုတ်ပါဘူး…
ငါပေးမိလိုက်တဲ့ အချစ်တွေကြောင့်
နင်စိတ်ညစ်နေတာ မကြည့်ရက်တော့လို.
မုန်းချင်ယောင်ဆောင်ခဲ့တာပါ…

လမ်းခွဲလိုက်တာ မဟုတ်ပါဘူး…
ငါ ပါနေတဲ့ နင့်ရဲ.လမ်းမှာ
နှောင့်နှေးမှုတွေ မဖြစ်စေချင်တော့လို.
နေရစ်ခဲ့လိုက်တာပါ…

သတိမရချင်ယောင်ဆောင်လိုက်…
ပျော်နေချင်ယောင်ဆောင်လိုက်…
မုန်းချင်ယောင်ဆောင်နေလိုက်နဲ. …
ခုမှ ငါသတိထားမိတယ်…
ငါတော်တော် မာယာများနေပါလား…

ဒါပေမဲ့ …
တခုတော့ သိထားပေးပါ…
ငိုနေပါတယ်…ငိုနေပါတယ်…
ငိုနေတဲ့ လူရွှင်တော် ငါ ဆိုတာ….

In: ကဗျာ Posted By: Date: Jul 21, 2011
Comment #1

တခုတော့ သိထားပေးပါ…
ငိုနေပါတယ်…ငိုနေပါတယ်…
ငိုနေတဲ့ လူရွှင်တော် ငါ ဆိုတာ….
NiCe PoEm 🙂

commentinfo By: apollo at Jul 21, 2011
Comment #2

ပထမဆုံး comment လေးအတွက်ကျေးဇူးပါ…သူ.မှာ အဆက်ရှိတယ်လေ…ကိုFriend နေကောင်းရဲ.လား…??? တဲ့ …အားပေးပါဦး…ဝေဖန်ပေးပါဦးနော့ 🙂

commentinfo By: မိုးသည်း at Jul 21, 2011
Comment #3

မုန်းသွားတာ မဟုတ်ပါဘူး…
ငါပေးမိလိုက်တဲ့ အချစ်တွေကြောင့်
နင်စိတ်ညစ်နေတာ မကြည့်ရက်တော့လို.
မုန်းချင်ယောင်ဆောင်ခဲ့တာပါ…။။

Comment #4

ကောင်းတယ်ဗျာ.. အားပေးနေပါတယ်…

commentinfo By: htoo at Jul 22, 2011
Comment #5

သတိမရချင်ယောင်ဆောင်လိုက်…
ပျော်နေချင်ယောင်ဆောင်လိုက်…
မုန်းချင်ယောင်ဆောင်နေလိုက်နဲ. …
ခုမှ ငါသတိထားမိတယ်…
ငါတော်တော် မာယာများနေပါလား…

commentinfo By: May Kha at Jul 22, 2011
Comment #6

မိုက်တယ်..ဒီကဗျာက ပုံစံတစ်မျိုးပါလား
Bravo!

commentinfo By: ဖိုးနမ်း at Jul 22, 2011
Comment #7

ဟုတ်ကဲ့ပါ…ရင့်နင့်စွာ ခံစားပီးရေးသားထားတာပါ…ကျေးဇူး !:)

commentinfo By: မိုးသည်း at Jul 22, 2011
Comment #8

oh…..
lots of love

commentinfo By: ei lay at Nov 6, 2011
Comment #9

read again par

commentinfo By: ei lay at Jan 6, 2012
Comment #10

သတိမရချင်ယောင်ဆောင်လိုက်…
ပျော်နေချင်ယောင်ဆောင်လိုက်…
မုန်းချင်ယောင်ဆောင်နေလိုက်နဲ. …
ခုမှ ငါသတိထားမိတယ်…
ငါတော်တော် မာယာများနေပါလား…

commentinfo By:ှုငယ် at Apr 30, 2012
Comment #11

ခေါင်းစဉ်ကစလို့ ကြိုက်သွာပါတယ်ဗျား

commentinfo By: 13th at Dec 20, 2012
Comment #12

Han ma saung par ne naw.
:'(
🙁

commentinfo By: ei lay at Dec 21, 2012
Comment #13

ဒါပေမဲ့ …
တခုတော့ သိထားပေးပါ…
ငိုနေပါတယ်…ငိုနေပါတယ်…
ငိုနေတဲ့ လူရွှင်တော် ငါ ဆိုတာ….
……
…..
…..
တစ်ခါကနင် ကိုကို လို့ ခေါ်ခဲ့ဖူးတဲ့
ခပ်နုံနုံခပ်အအ ကောင်…။

(ကျတော်ခံစားချက်ကို ထပ်ဖြည့်လိုက်တာ…. :'()

commentinfo By: မင်းထက် at Feb 27, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment