Professional Authors

လူဖန်ဆင်းတဲ့ကဗျာကို လူသတ်မှတ်တဲ့တန်ဖိုး

ကျနော်တို့လွပ်လပ်ခြင်း အနုပညာနဲ့ ဆက်လျှောက်မယ့်နေရာအတွက် အချိန်အတွက်

မနက်နဲ့ညနဲ့ကွဲလွဲနေတဲ့ ဂီတသံစဉ်တွေနဲ့ လေးဆယ့်ငါးဘတ်စ်ကားတွေနဲ့

အင်တာနက်အီးမေးလ်းစနစ်နဲ့ အသံဖမ်းနေတဲ့ လျှို့ဝှက်လမ်းသရဲတွေပြည့်နေတယ်

ကြွက်တွေပြည့်နေတဲ့လမ်းမထက်မှာ ဘယ်ကြောင်မှမကြီးဆိုးနိုင်သလို

ကြောင်အပြည့်နဲ့လမ်းမထက်မှာ ခွေးအတွက်နေရာမရှိသလိုပေါ့

လူနဲ့လူန လူနဲ့လူနုံ လူနဲ့လူတော် လူနဲ့လူရှော်

လူလူလူလူခြင်းထပ်နေတဲ့ ကျနော်တို့ခင်ဗျားတို့ဖရီးစတိုင်ပြိုင်တဲ့လောကမှာ

ဘယ်အရာဟာဘာ ဘာဟာဘယ်အရာသေသေချာချာ ကွဲကွဲပြားပြား သေသေသပ်သပ်သိပါသလား

အိပ်မက်ခြင်းနဲ့ကယောင်ကတန်းဖြစ်ခြင်းနဲ့ အထိုက်အလျှောက်တူနေသလိုပေါ့

ကဗျာကိုနားလည်ဖို့မလိုဘူးလို့ဆိုလိုတဲ့အတွက် ကျနော်ထိပ်ပေါက်ခေါင်းကွဲဖြစ်ကောင်းဖြစ်မယ်

ကဗျာမှာရသခံစားမှုတစ်ခုကျန်ကိုကျန်ခဲ့ရမယ်ဆိုတဲ့ စည်းမျည်းကိုချိုးဖေါက်လို့

ကျနော်ဝိုင်းဖဲ့တာခံကောင်းခံရမယ် လေကိုလေနဲ့တုံ့နှင်းတတ်တာကတော့ လေပေါ့..

အားးးးးးး အီးးးးး အဲ…….. အူးးးးးးးးးး အော်သံထွက်နေတဲ့ကဗျာနဲ့ မီးပူထိုးထားတဲ့ထီလက်မှက်

သိန်းတစ်ရာလား နှစ်ရာလား သုံးရာလား ကဗျာတစ်ပုဒ်ဘယ်လောက်လဲ

သင်သိချင်သလားမိတ်ဆွေ ကဗျာတစ်ပုဒ်ဘယ်လောက်လဲ

အိုဘာမားကိုမေးကြည့်လိုက် ဘင်လာဒင်ကိုမေးကြည့်လိုက် နီးစပ်ရာကိုမေးကြည့်လိုက်

ကဗျာတစ်ပုဒ်ကိုဘယ်လောက်လဲလို့……………….။

 

မောင်မြတ်သူ(ခေတ္တ-လှည်းတန်း)

In: ကဗျာ Posted By: Date: Jan 20, 2012
Comment #1

လူတယောက် တခုခုအပေါ် ထားတဲ့တန်ဖိုးဆိုတာ သူ ဘယ်လောက် မြတ်နိုး နှစ်သက်လဲကို ပြတယ်။

commentinfo By: kantkawmg at Jan 20, 2012
Comment #2

ကဗျာက ကနဦး နဲ့ ကိုယ်ထည်နား ပြောစရာမရှိအောင်ကောင်းတယ်ဗျာ အရေးအသားကလည်း အရင်အပုဒ်တွေနဲ့မတူဘဲဆန်းထားတယ်နော် အပြီးသတ်နားတော့ နည်းနည်းပေါ့သွားသလိုဘဲ အားးးးးးးအီးးးးးးးးးအဲ……….ဘူး ဆောရီး အူးးးးးးးးးးးးး အဲ့တစ်ကြောင်းပေါ့ဗျာ
အားမနာစတမ်းဝေဖန်ဆိုလို့ ကျွန်တော်လည်း အမှန်အတိုင်းဝေဖန်သွားပါကြောင်း ။

commentinfo By: X - ray at Jan 20, 2012
Comment #3

လူဖန်ဆင်းတဲ့ကဗျာကို နတ်ကတန်ဖိုးသတ်မှတ်သွားတယ် ..
အရသာကတန်တယ် .. ဘယ်လောက်တန်လဲလို့မမေးနဲ့
…………………………….
ပုံစံတူလေးတွေကို စောင့်နေပါတယ် .. 🙂

commentinfo By: နတ်သမီး at Feb 15, 2012
Comment #4

ဟုတ်ကဲ့နတ်သမီး ပုံစံတူတွေ ကျနော်မရေးပါဘူး ပုံစံမတူတာလေးတွေ ကောင်းအောင် ကြိုးစားရေးသွားပါ့မယ်
😀 တန်ဖိုးလေးကိုတော့ များများလေး သတ်မှတ်ပေးပါ ပီးရင် ပိုက်ဆံပို့လိုက်ပါ ကျနော်ပိုက်ဆံပျက်နေလို့ 😛

commentinfo By: မောင်မြတ်သူ at Feb 15, 2012
Comment #5

ဟင်…ကိုမြတ်သူ ပုံစံတူ ကဗျာတွေအများကြီးရေးပါတယ်.. >,<

commentinfo By: နတ်သမီး at Feb 15, 2012
Comment #6

သူ့ဟာသူတူသွားတာနေပါမယ် ကျနော်ကတူပါစေဆိုပီး မရေးဘူးဗျ တူသွားတာနေပါ့မယ် 😀
ကျနော့်ဘာသာတော့ တူတယ်လို့ကို တစ်ခါမှ မထင်ဖူး ဟီးဟီး 😀

commentinfo By: မောင်မြတ်သူ at Feb 15, 2012
Comment #7

မသိဘူး …. တူနေတာပဲသိတယ် .. 😛

commentinfo By: နတ်သမီး at Feb 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment