Professional Authors

ကျွမ်းလောင်ခြင်း

ကျွန်တော့် စိတ်ကူးတွေအားလုံးကို ချိုးဖဲ့ရိုက်ချိုးပြီး မီးရှိ့ပစ်လိုက်တယ်

ပြာအဖြစ်တောင် မကျန်စေချင်ဘူး

တငွေ့ငွေ့တောက်လောင်နေတဲ့ မီးတို့နဲ့အတူ 

ကျွန်တော်ပါ လောင်ကျွမ်းသွားခဲ့တယ်

စိမ်းကားမှု မုန်းတီးမှု တွေကတော့

ကျွန်တော့်အတွက် လောင်စာပေါ့

ကိုယ်တိုင်လောင်ကျွမ်းခံပြီး ပေးခဲ့ရတဲ့နွေးထွေးမှုကို

သူမက ပူလောင်တယ်တဲ့လေ

ရှိပါစေတော့… အဝေးကနေပဲ အလင်းရောင်ကို

ကျွန်တော် မငြိမ်းသရွေ့ပေးနေမယ်

လျှပ်စစ်မီးတွေထိန်လင်းနေတဲ့ သူမအတွက်တော့

ကျွန်တော်အလင်းရောင်က အလကားဖြစ်နေမလား

ကျွန်တော် ကြိုးစားတောက်လောင်နေချိန်မှာ

ရေတစ်ဗုံးနဲ့သူမရောက်လာပြီး

ကျွန်တော်အပေါ်လောင်းချလိုက်တယ်

ဒီလိုနဲ့ ကျွန်တော်ဟာလုံးဝ ပျောက်ကွယ်ခဲ့ရတယ်

သူမ မလိုချင်ရင် ငြိမ်းပေးဖို့အသင့်ပေမယ့်

ငြိမ်းသတ်ခံရတာကိုတော့ ကျွန်တော် ခံရအခက်ဆုံးပေါ့။

LoRdiE Ndk ( Aug 26 2007, 03:41 AM )

In: ကဗျာ Posted By: Date: May 21, 2010
Comment #1

ခံစားရတယ်ဗျာ

commentinfo By: komyozaw at Sep 9, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment