Professional Authors

ကြိတ်ပိုးသူ၏ပြတင်းတစ်ချပ်လှစ်ဟခြင်း

တစ်ကယ်ဆို
ငါ့ အမှားပါ….မေ
အပူခံပြားတွေ
ပါမလာတက်တဲ့ 
နှလုံးသားတည့် တည့် ဆီကိုမှ
ပူလောင်မှူ့ တွေ
တစ်ရှိုက်မက်မက်
လောင်းချိုးမိလိုက်တယ်။။။။။။။။။။။
သန့် စင်ခြင်းဆိုတာ
ပေရေမှု့ နဲ့ ငြိစွန်းမှ
ပေါ်လာရတာမျိုး
ငါ့ မေတ္တာက
အရောင်အဆင်းမဲ့ 
သန့် ရှင်းပြီးသားပါ
အဖြူရောင်လို့ 
အမည်တပ်ရင်တောင်
အစမ်းသပ်မခံနိုင်မှာစိုးတယ်
မေရေ…………
ငါ့ အတွက်ကမ္ဘာပိုစောင်းသွားတာ
အရေးမကြီးပေမဲ့ 
မင်းမျက်စောင်းတွေကိုမြင်ရတိုင်တော့ 
ငါ့ ကမ္ဘာပျက်တယ်
ဆန့် ကျင်ဘတ်တွေဆုံမိရင်
စွမ်းအင်ဖြစ်တယ်လို့ ကြားဖူးပေမဲ့ 
ငါ့ မေတ္တာတွေ
မင်းအမုန်းနဲ့ မတွေ့ အောင်တော့ 
နှလုံးသားကို
ပူလောင်မှု့ တွေလောင်းချိုးဆဲ……………
တစ်ကယ်ဆို
ငါ့ အမှားပါ…………မေ

မင်းလူန

In: ကဗျာ Posted By: Date: Oct 7, 2010
Comment #1

ငါ့ မေတ္တာတွေ
မင်းအမုန်းနဲ့ မတွေ့ အောင်တော့ 
နှလုံးသားကို
ပူလောင်မှု့ တွေလောင်းချိုးဆဲ……………
တစ်ကယ်ဆို
ငါ့ အမှားပါ…………မေ

commentinfo By: chityellusoelay at Aug 19, 2011
Comment #2

lane mar like tar,,,
kou a hmar ko win khan ye de tat ti ko lae sar tar,,

commentinfo By: ei lay at Jan 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment