Professional Authors

………ည………..

အိပ်မက်ဖူးတွေ ပွင့်မည့် ည…….

ငါမခူးခဲ့ဖူးတဲ့ ကြယ်တစ်လုံး တောင် ငါ့ပြတင်းမှာ လင်း ချင်တိုင်း လင်းလို့

မိုးလည်းမသည်းသလို နှင်းလည်း မကွဲခဲ့ဘူး

အဲဒီည ဆိုတာ ငါ့ကမ္ဘာမှာ အသေအချာကို စာမျက်နှာတစ်ခုစာ ယူလို့ပေါ့

လောကကြီးဆီက တစ်ချို့ကို အမွေတောင်းပြီး တစ်ချို့ ခိုးယူခဲ့တယ်

တောင်ပံဆိုတာ ပျံသန်းဖို့ သာ လိုအပ်တယ်လို့ထင်ခဲ့တဲ့ အိပ်တန်းဝင်ချိန်များ

ရှိခြင်းနဲ့မရှိခြင်းကြား ပုန်ကန်လိုက်သော အတွေးအခေါ်များ

ဖိတ်ခေါ်ထားတဲ့ သီအိုရီ အဟောင်းများ နောက်ပြီး အသစ်များ

ယနေ့မှားပြီး မနက်ဖြန်မှန်မယ့် အတိတ်များ

ယနေ့မှန်ပြီး မနက်ဖြန်မှားမယ့် အနာဂါတ်များ

ထိုထိုသော အရာများနဲ့ လှော်ခတ်လို့ ရသတဲ့လား

 

အဲဒီည ဆိုတာ ငါ့ကမ္ဘာမှာ မရေမရာနဲ့ အငွေ့ပျံပျောက်ဆုံးသွားမှာမို့

လာမယ့် မနက်ဖြန်များကို

တစ်ချို့ကို ပြန်ရောင်း တစ်ချို့ကို ဘယ်သူမှမတောင်းခင် အမွေပေးခဲ့ချင်တယ်

အိပ်မက်ဖူးတွေ ပွင့်မဲ့  ရောင်နီမလင်းခင်အမှီပေါ့…………။

 

In: ကဗျာ Posted By: Date: Jan 8, 2012
Comment #1

လက်ရာကောင်း ပို့စ်မော်ဒန် … 🙂

commentinfo By: lianno at Jan 8, 2012
Comment #2

ကျေးဇူး ပါ ကို lianno !

commentinfo By: linlinn at Jan 9, 2012
Comment #3

……..ည……….
ကောင်းတယ်…လင်းလင်း..good

commentinfo By: poem.poem28 at May 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment