Professional Authors

မှတ်မှတ်ရရ အဲဒီည

အဲဒီညက
ငါ့ရင်ခုန်သံတွေ
တစ်ညလုံး
ဆူညံတယ်။

နင့်နံဘေးရှိတဲ့
တစ်ချိန်လုံး
အသက်ရှုသံတွေ
ခဏ
ခဏ
ရပ်
ရပ် သွားသလိုရှိတယ်။

အေးစက်တဲ့ တစ်ညလုံး
နွေးထွေးမှုတွေ
ငါ တို့ဖန်တီးတယ်။
ကြည်နူးစရာ
လရိပ်အောက်မှာ
ငါတို့ ပျော်ရွှင်
မြူးတူးတာ တမင်သက်သက်
ကြယ်စင်လေးတွေက
ရီပြတယ်။

ဆောင်းလေပြေလေညင်းတွေက
အေးအေးစက်စက်နဲ့ မနာလို
တိုက်ခတ်ပေးတယ်။

အဲဒီည
လမ်းဘေးမီးတိုင်တွေက
အသက်မဲ့ကုန်တယ်။

လူသွားလူလာ
လမ်းပေါ်မှာ ရှင်းလို့
ပတ်ဝန်းကျင်က
ရင်ခုန်ချင်စရာ ကောင်းတယ်။

ကောင်းကင်ပြာကြီးအောက်မှာ
ငွေလမင်းလေးက
လရောင်ပက်ဖြန်းလို့
ကြည်ဖြူစွာ
ညကို ဖြတ်သန်းခွင့်ပေးတယ်။

မှတ်မှတ်ရရ
အဲဒီည ဇန်န၀ါရီ ၃

In: ကဗျာ Posted By: Date: Jan 6, 2012
Comment #1

wow,,,,,
mike de kwar
he,,he,,

commentinfo By: ei lay at Jan 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment