Professional Authors

ခါတော်မှီ

မျှော်လင့်ချက်တွေနဲ့
လတ်ဆတ်နေခဲ့တဲ့
မနက်ဖြန်များစွာကို
ပိုင်ဆိုင်ခွင့်ရထားသလို
အနာဂါတ်တွေဟာ
တောက်ပနေတယ်။

သမိုင်းတလျောက်
လမ်းမကောက်ရအောင်
နောက်ပြန်မလှည့်ရေး
အထောက်အကြံတွေနဲ့
အရောက်မှန်ဆောက်တည်ခဲ့ရပေါ့။

ဧရာဝတီကိုကယ်တင်ခဲ့ရသလို
အနောက်ဖက်တကြောက
ရန်တွေကိုကာကွယ်ရင်း
ကချင်မြေကိုလည်းအေးငြိမ်းစေလိုခဲ့ပေါ့။

FDI ကိုမျှော်မှန်း
ကော်လံပြာတွေရဲ့လမ်းကို
ပွင့်စေလိုခဲ့ရင်း …………..
အလုပ်အကိုင်အခွင်းအလမ်း
တိုးတက်စေလိုခဲ့ပေါ့ ။

သမိုင်းဝင်ဥဒါန်း
မော်ကွန်းတင်မှတ်တမ်းတွေနဲ့
ငါတိုမြေသမိုင်း
မရိုင်းရအောင်
ကမ္ဘာမြေအလည်ဝံ့ထည်စေဖို့
ထလော့ …..မြန်မာ ……..
အို ……   မြန်မာတို့ ……။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Nov 20, 2012
Comment #1

🙂

commentinfo By: ei lay at Nov 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment