Professional Authors

နှလုံးသားတစ်ခု၏ ဒိုင်ယာရီ

သူမ…
သူမသည်ကား ကျွန်ုပ်၏ အရှင်သခင်ပေတည်း…..
ကျွန်ုပ်၏ စိတ်ဝိညာဉ်သည်
သူမထံပါး ပျော်ပါး၍….
ကျွန်ုပ်၏ အသက်သည်…
သူမ ၏ ဘ၀ပင်ဖြစ်သည်……
သူမ ၏ အိပ်မက်သည်
ကျွန်ုပ်၏ အနာဂတ်ဖြစ်ပြီး….
သူမ ၏ မျှော်လင့်ချက်တိုင်းသည်
ကျွန်ုပ်၏ ပန်းတိုင်များပင်ဖြစ်သည်……
ကျွန်ုပ်ဘ၀၏ အလင်းရောင်များကို
သူမသည်သာ ပေးစွမ်း၍….
ကျွန်ုပ်၏အနာဂတ်ကို
သူမ သာဆေးခြယ်ပေးလေသည်…..
ကျွန်ုပ်သည် သူမအတွက်
အသက်ရှင်ခြင်းဖြစ်ပြီး…
ကျွန်ုပ်၏ ရင်ခုန်သံတိုင်းသည်
သူမနှင့်သာ သက်ဆိုင်သည်…….
ကျွန်ုပ်သည်..
သူမ အား တန်ဖိုးထားချစ်မြတ်နိုးပါသည်…
ထိုသို့ပြောပြသည့်အခါတိုင်း
သူမ ရယ်လေသည်…..
ထိုအခါမျိုး၌…
သူမ၏ရယ်သံလွင့်လွင့်လေးများကိုနားစွင့်ရင်း…
ကျွန်ုပ်၏ နှလုံးသားသည်
တိတ်တဆိတ် ငိုကြွေးရလေ့ရှိသည်…..
ကျွန်ုပ်၏ မနက်ဖြန်များကား
သေဆုံးခဲ့လေပြီ……
သို့တိုင်…
ကျွန်ုပ်သည် သူမ အား
ချစ်မြဲချစ်လျက်ရှိ၏…
အသစ်အသစ်သောမနက်ဖြန်များစွာအတွက်
ကျွန်ုပ်၏အချစ်များသည်
ပြန်လည်ရှင်သန်၍…
သူမအား တိုးလျက်သာချစ်မြဲဖြစ်လေသည်….

ကျွန်ုပ်၏ မနက်ဖြန်များကား…
ကြိမ်ဖန်များစွာ…
သေဆုံးရပေဦးတော့မည်………..။.        ။

In: ကဗျာ Posted By: Date: Jan 8, 2012
Comment #1

be thu ko pyaw like tar le?
tike sine like tar myar kwar,,ei lay khan sar chat ne r lone kwat ti phyit nay de,,
thz so so much.

commentinfo By: ei lay at Jan 8, 2012
Comment #2

like so much that read again.
the external wisdom made all things in love,

commentinfo By: ei lay at Jan 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment