Professional Authors

အပြင်းစားရှိုက်သံ

မမြဲခြင်းရဲ့သဘောကိုငါကိုယ်တိုင်ကြေညက်မှတော့
အချိန်တခုအထိတော့ငါပိုင်ဆိုင်ခွင့်ရှိမှာပါ…………

ထာဝရအတွက်လို့ရည်စူးပေမယ့်
လောဘကြီးတယ်အတ္တကြီးတယ်လို့မစွပ်စွဲကြေး…….

ဘုရားပေးသလောက်ပေါ့ချစ်သူရယ်
ငါကိုယ်တိုင်လည်းရောင့်ရဲမှာပါ……………

ခပ်ရေးရေးဆိုပေမယ့်မြင်ရတယ်ဟုတ်
အကယ်၍်များ ငါစစ်ရှုံးခဲ့ရင်မင်းကိုတော့မှဲ့တပေါက်မစွန်းစေရပါ……………

မင်းထမ်းပြန်မယ့်ရွှေအိုးအတွက်
ငါ့ကိုငါထုဆစ်ပါ့မယ်………………………

သူတပါးကျွမ်းလောင်မှာထက်
ငါ့ကိုငါကို ငါပိုကြိုက်တယ်………………………..

မင်းရင်ကအမေလို့တခါတရင်
ငါ့လိပ်ပြာတွေ ငိုပွဲဆင်တယ်…………………………

ငါကိုယ်တိုင်ကအပြစ်ရှိခဲ့တာလား
ငါ့ညတွေမှာသူတို့ရဲ့ညိုညင်မှုတွေကြီးစိုးလာရဲ့…………………

အပြစ်မတင်ပါနဲ့ကွယ်
ငါကိုယ်တိုင်ကလူရိုသေရှင်ရိုသေမှမနေတာ…………….

မထောင်ချင်ပါနဲ့ပါးပြင်းရယ်
မခိုင်လုံတဲ့ငြင်းဆိုမှုအတွက်သက်သေပြစရာမလိုဘူးဟုတ်……..

ချောင်ပိတ်အသက်ခံရတဲ့အမှန်တရားတွေ
ကိုယ်ထင်ပြလာတဲ့တနေ့…………………….

ငါလည်းညတွေကိုမမုန်းတော့လောက်ပါဘူး…………………….။

အမရာ

In: ကဗျာ Posted By: Date: May 20, 2010
Comment #1

wow,,,
really strong

commentinfo By: ei lay at Jan 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment