Professional Authors

“နရူးရီးယား-“

“နရူးရီးယား-“

ရွက်သစ်ဟာ ရွက်ဟောင်းကို နှင်ချတယ်
လူတွေက ဒါကို ပျော်စရာတဲ့
ငါဟားတိုက်ရယ်တယ် ဆောင်းရယ်
နင်ဟာ အေးစက်တယ် ငါဟာ နွေးထွေးမှုရှာတယ်

နှစ်သစ်ဟာ ဂဏန်းအသစ်နဲ့အတူ မော်ကြွား
အသံတစ ထွက်အကျမှာ
သူတို့တွေ အော်တယ် Happy New Year
ရှူးတိုးတိုး တန်ခူးလရောက်ခါနီးပါပြီ

သက္ကရာဇ်ဟောင်းကို ထားခဲ့တာလား
သက္ကရာဇ်ဟောင်းက ထားခဲ့တာလား
အဝေးထွက်ခွာခြင်းကို မုန်းတတ်သူ
00:00 hour မှာ ပါးစပ်တွေကို တိတ်တွေကပ်
ရေးခဲ့မိတဲ့ Massages တွေအတွက် ငါရှက်တယ်

တကယ်ဆို … ငါဟာ မြန်မာ
တန်ခူးမှာပဲ ပျော်မယ် … ဆောင်းရေ …။..။

လူသစ်

In: ကဗျာ Posted By: Date: Jan 2, 2013
Comment #1

ခင်ဗျားအမြင်နဲ့ခင်ဗျားတော့မှန်ပါတယ် ဒါပေမယ့် တစ်ကမ္ဘာလုံးအတွက်ကြည့်ပြီးပြောမယ်ဆိုရင်တော့ Happy New Year ကလူတိုင်းနဲ့သက်ဆိုင်ပါတယ် မြန်မာတွေအတွက်ကတော့ တကယ့်နှစ်သစ်ဆိုတာ မြန်မာတွေတန်ဖိုးထားတဲ့တန်ခူးလပေါ့
ကဗျာအရေးအသားလေး ကောင်းတယ်ဗျ
ဖတ်သွားပါကြောင်း ~~

With respect,
RAY

commentinfo By: X - ray at Jan 2, 2013
Comment #2

X-ray နင်အပြောအဆိုသိပ်မိုက်ရီုင်းတာပဲ။လူမှဟုတ်ရဲ့လား

commentinfo By: မလေး at Jan 3, 2013
Comment #3

ဟာ မလေး နဲ့ မိုး ခင်ဗျားတို့စကားပြောဆင်ခြင်ပါ
ကျွန်တော်မိုက်ရိုင်းတဲ့စကားတစ်ခွန်းမှမပြောမိဘူးနော် ~~

commentinfo By: X - ray at Jan 3, 2013
Comment #4

X-Ray က ဘာမှ မိုက်ရိုင်းတာ မပြောထားပါဘူးဗျား)

commentinfo By: luthit at Jan 3, 2013
Comment #5

ကိုလူသစ် ခင်ဗျားက ကျွန်တော့ကို မမိုက်ရိုင်းဘူးလို့မြင်ရင်ပြီးတာပဲဗျ ကျွန်တော်ရေးခဲ့တဲ့စာထဲမှာလည်း မိုက်ရိုင်းတဲ့စကားလုံးတစ်လုံးမှမပါဘူး အဲ့ဒါကို မလေး နဲ့ မိုး ဆိုတဲ့နှစ်ယောက်က ဘလိုင်းကြီးလူကို စော်ကားမော်ကားပြောတာတော့ မိုက်ရိုင်းလွန်းတယ်ဗျ ကဲပါ အဲ့ဒီနှစ်ကောင် ကျွန်တော့ခေါင်းထဲမှာလုံးဝမရှိဘူး သူတို့ကိုကျွန်တော်သိလည်းမသိဘူး ။

With respect,
RAY

commentinfo By: X - ray at Jan 3, 2013
Comment #6

တွေ့လား အဲ့တာမှ မိုက်ရိုင်းတယ်ခေါ်တယ်။း(

commentinfo By: luthit at Jan 3, 2013
Comment #7

ဒီမှာ မလေး ခင်ဗျားပါးစပ်ပိတ်ထားရင်ကောင်းမယ် ခင်ဗျားပြောတာတော်တော်လွန်နေပြီ X – ray ဆိုတဲ့ကောင် ရိုင်းမရိုင်းဆိုတာ PC မှာကဗျာရေးတဲ့ ကဗျာညီအစ်ကိုမောင်နှမတွေအကုန်သိတယ်

နင့်လင် ခင်ဗျာ
ခင်ဗျားကလူမဟုတ်တော့ဘူးဗျ ခွေးအဆင့်ဖြစ်နေပြီ ခင်ဗျားပြောတဲ့စကားတွေက အရမ်းကြမ်းတမ်းလွန်းတယ် PC မှာခင်ဗျားနဲ့အဆင့်တူတာတစ်ယောက်မှမရှိဘူး ဒါကြောင့်ခင်ဗျားနောက်ဆိုရင် PC မှာကြမ်းတမ်းယုတ်ညံ့တဲ့စကားတွေလာမပြောပါနဲ့

ိကိုလူသစ် ကျွန်တော် ခင်ဗျားရဲ့ ကဗျာကိုအားပေးခဲ့တာသည် ရန်ပွဲတစ်ခုဖြစ်ချင်လို့မဟုတ်ဘူး ခင်ဗျားရေးထားတဲ့ ကဗျာအရေးအသားလေးကောင်းလို့ပါ ကျွန်တော် poemscorner မှာကဗျာရေးတာ တစ်နှစ်ကျော်ကြာခဲ့ပြီ ကျွန်တော်ကဗျာရေးခဲ့တဲ့ တစ်နှစ်ကျော်အတောအတွင်း ဒီလိုစော်ကားမော်ကားပြောတာမျိုး တစ်ခါမှမကြုံခဲ့ရဘူး ဒီလိုလည်း ဘလိုင်းကြီးစော်ကားမော်ကားပြောတတ်တဲ့လူမျိုး တစ်ယောက်မှမရှိခဲ့ဘူး တော်တော်တော့ရင်နာတယ်ဗျ ကျွန်တော်နောက်ဘယ်တော့မှ ခင်ဗျားရဲ့ကဗျာတွေကို comment ပေးဖြစ်တော့မယ်မထင်ဘူး ခင်ဗျားရဲ့ကဗျာတွေကို ဆက်တော့ဖတ်ဖြစ်မှာပါ ဖတ်ဖို့အချိန်ရှိရင်ပေါ့ ။

commentinfo By: X - ray at Jan 4, 2013
Comment #8

ဟုတ်တယ် ကို X-ray ပြောသလို ပြောထားတဲ့စကားထဲမှာ မိုက်ရိုင်းတာ တစ်ခွန်းမှမပါပါဘူး..။ ကိုယ့်အမြင်ကို လွတ်လွတ်လပ်လပ် ပြောပြလို့ရတာဘဲ… ဒါပေမဲ့ ညစ်ညမ်းတဲ့စကားလုံးတွေ ပြောတာက ရိုင်းတာဆိုရင် ကို X-ray က လုံးဝ ၀% တောင်မရိုင်းပါဘူးဗျာ…

Poemscorner ဆိုက်ကလေး ညစ်ညမ်းသွားမှာ မလိုလားလို့ပြောတာပါ.. ဘာသဘောမှ မပါပါဘူး..

commentinfo By: မိုးဝေ at Jan 4, 2013
Comment #9

ကို X-ray ရေ….

အကိုရေးတဲ့ ကဗျာတိုင်းမှာ ရိုင်းတာတွေမပါဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်..။ Poemscorner သူငယ်ချင်းတွေဖြစ်ကြတဲ့အတွက် အကို့ကို အဲလို မြင်ကြတာကိုလည်း စိတ်မကောင်းပါဘူး။ ကိုယ့်ကို ရည်ရွယ်ပြီးတိုက်ခိုက်လာတဲ့အတွက်တော့ ကဗျာတွေကိုကွန်မန့်မပေးဘဲ မနေပါနဲ့။

ကျွန်တော်ဆိုရင်လည်း သိပ်ကြိုက်လို့ ရှော့ခ်မရှိနိုင်တဲ့ ကဗျာတွေကိုဘဲ လေးစားနှစ်သက်ကြောင်း ကွန်မန့်ပေးဖြစ်တယ်.. အဲဒါဆို ငြိဖို့မရှိဘူးပေါ့.။

အရင်တုန်းက ပိုက်ဆံမရှိတဲ့နေ့ ကဗျာမှာလို စိတ်အနှောက်အယှက်တွေ ကြုံရတာလို့ သဘောထားပြီး နားလည်လိုက်ပါဗျာ…
Poemscorner ဆိုက်ဒ်ကလေးမှာ ကျွန်တော်တို့က အိမ်ရှင်တွေမဟုတ်လား

ကိုမိုးဝေ ပြောသလို ကိုယ့်အမြင်ကို လွတ်လွတ်လပ်လပ် ပြောသွားတာပါ..။ ကျွန်တော့မှာလည်း တခြားသဘောမရှိပါဘူး။။

လေးစားလျက်
နိုးဆက် နေ့

commentinfo By: 13th at Jan 4, 2013
Comment #10

အားလုံးကိုသင့်မြတ်စေချင်ပါတယ်…ခင်ဗျာ
အချင်းချင်းတွေအဲ့လိုမဖြစ်သင့်ပါဘူး
တစ်ယောက်နဲ့ တစ်ယောက်နားလည်ပေးကြပါ…။
လူတိုင်းမှာ ကိုယ်ပိုင်စကားပြောဟန်ရှိပါတယ်ခင်ဗျာအဲ့ဒါကြောင့်တစ်ယောက်နဲ့ တစ်ယောက်နားလည်ပေးကြပါ
ကိုယ့်အမြင်နဲ့ ဘယ်တော့မှမှန်တယ်မထင်ကြပါနဲ့ …။
poemscorner ကိုယ်လည်းညစ်ညမ်းအောင်မလုပ်ကြပါနဲ့ ခင်ဗျာ…။

လေးစားလျက်
loafer

commentinfo By: loafer at Jan 4, 2013
Comment #11

PoemsCorner မှာ ဘယ်သူမဆို Comments ပေးနိုင်အောင်လုပ်ထားတော့ ဖျက်လိုဖျက်စီးလုပ်လိုသူတွေက spam comments တွေဝင်ရေးကြတာပါ။

မလေးနဲ့ နင့်လင်တို့ရဲ့ comment တွေကိုဖျက်ပြီး IP ပါ ဘန်းလို့ရရင် ဘန်းလိုက်ပါမယ်။

ဝင်ရောက်ဖြေရှင်းပေးကြတဲ့ member တွေကော အပြောခံရပေမဲ့ အကျိုးနဲ့အကြောင်းနဲ့ ပြန်ဖြေတဲ့ ကို X-Ray နဲ့ ကဗျာပိုင်ရှင်အားလုံးကိုပါ ကျေးဇူးတင်ပါတယ်။

commentinfo By: admin at Jan 4, 2013
Comment #12

ဖျက်မယ်ဆို အခြားမန့်တွေကိုပါ ဖျက်သင့်တယ်။ နမို့ဆို မန့်တွေက အဆက်အဆက်မရှိတဲ့ ပုံစံကြီးဖြစ်နေတယ်။
(ကိုလူသစ် ခင်ဗျားက ကျွန်တော့ကို မမိုက်ရိုင်းဘူးလို့မြင်ရင်ပြီးတာပဲဗျ ကျွန်တော်ရေးခဲ့တဲ့စာထဲမှာလည်း မိုက်ရိုင်းတဲ့စကားလုံးတစ်လုံးမှမပါဘူး အဲ့ဒါကို မလေး နဲ့ မိုး ဆိုတဲ့နှစ်ယောက်က ဘလိုင်းကြီးလူကို စော်ကားမော်ကားပြောတာတော့ မိုက်ရိုင်းလွန်းတယ်ဗျ ကဲပါ အဲ့ဒီနှစ်ကောင် ကျွန်တော့ခေါင်းထဲမှာလုံးဝမရှိဘူး သူတို့ကိုကျွန်တော်သိလည်းမသိဘူး ။

With respect,
RAY)
နောင်က နင့်လင်ဆိုတဲ့ လူကို ရေးထားတဲ့ လူသစ်ပြန်စာ
(တွေ့လား အဲ့တာမှ မိုက်ရိုင်းတယ်ခေါ်တယ်။း( )
ဆိုတာကြီးကပ်နေတော့ တမျိုးကြီးပဲဗျ

း)

commentinfo By: လူသစ် at Jan 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment