Professional Authors

ဇန်နဝါရီ လှောင်ချိုင့်

ဂုဏ်သရေရှိ အမိန့်ပြန်တမ်းလွှာရဲ့
လေ့ကျင့်ခန်း စာမျက်နှာတစ်ရွက်ဟာ
လေလှိုင်းတွေ ပြန့်လွင့်သွားခဲ့
ဥတုသုံးပါးရဲ့ ဒဏ်ရာတွေနဲ့
အသိုက်မြုံ ပျက်စီးသလိုဖြစ်ခဲ့တဲ့
ဥပဒေသနိယာမတွေကြား နှောင်ကြိုးတွေနဲ့
ကာရံဖွဲ့စည်းထား အလင်းရောင်မရတဲ့
နံရံတွေထဲ အနံ့ရလိုက်တဲ့
မီးမြိုက်မှုတွေက ကောင်းကင်ကြယ်တွေကို
ဖုံးကွယ်ခဲ့ အဲဒါတွေကအမှန်တရားရဲ့
ထုတ်ပြန်ချက်တွေလား….။

ယုံကြည်မှုကို နှစ်သက်ချိုမြိန်စွာ
သောက်သုံးနေဆဲ ဝိုင်မပါတဲ့
ရေကြည်အိုင်က ရေစက်တွေသာ
လှောင်ချိုင့်တွေနဲ့အတူ ပြောင်းလွဲခဲ့
မနှစ်သက်တဲ့ အနံ့တွေက
လေလှိုင်းပေါ်မှာ ပြန့်လွင့်ရင်း
မနက်ဖြန် လွတ်မြောက်မှုက
ဘယ်လိုဘယ်လို ယုံကြည်ရမလဲ…။

သက်သေမခိုင်တဲ့ စာတော်ပြန်စော်ကဲက
မြန်မာစာအဓိကနဲ့ ဆင့်ကဲထုတ်လို့
စာပုလွေကို ထမ်းပိုးလို့ တိုင်ပတ်ခဲ့ရင်း
ဆောင်းဦးလေရူးတွေနဲ့အတူ အဖော်ကျူးလို့
တေးဆိုနေပါရဲ့ ကောင်းလိုက်တဲ့တေးသွား
လေလှိုင်းပေါ်မှာ ညစ်ညူးသွားခဲ့တယ်…။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Jan 3, 2012
Comment #1

မနက်ဖြန် လွတ်မြောက်မှုက
ဘယ်လိုဘယ်လို ယုံကြည်ရမလဲ…။

commentinfo By: ကြယ်စစ်သည် at Jan 3, 2012
Comment #2

ကြယ်စစ်သည်ရေ အခုလို အားပေးမှုကို အထူးကျေးဇူးတင်မိပါတယ် ခင်ဗျာ…

ခင်မင်စွာဖြင့်……

တက္ကသိုလ်မြတ်မင်း

commentinfo By: venpunna at Jan 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment