Professional Authors

ချည်နှောင်ခွင့်

ချစ်တယ်လို့
ငါ့နှလုံးသားက ယုယပြတဲ့အခါ
သွေးအေးစွာနဲ့ ဘာကြောင့်လှည့်ထွက်ခဲ့လည်း

မုန်းမယ်လို့
ငါ့နှလုံးသားက ကျောခိုင်းတဲ့အခါ
မျက်ရည်စတွေနဲ့ ဘာကြောင့်ခယခဲ့တာလည်း

ကောင်းမလေးရယ်
မင်းရင်ထဲကို ကိုယ်မြင်နိုင်ခွင့်မရှိပေမယ့်
ငါ့နှလုံးသားနဲ့ သိနေရပါတယ်။

ငါ့အတွက် နောက်ဆုံးရင်ခုန်သံဆိုတာ
သေချာမသိခဲ့ပေမယ့်
နှုတ်ဆက်ခဲ့မယ်ဆိုတာ နားလည်ပါတယ်။

အပေါ်ယံသံယောဇဉ်ပါးပါးလေးနဲ့
ချည်နှောင်ခြင်နေခဲ့တဲ့ ငါသာလျှင်
အမှားယွင်းကြီးမှားယွင်းနေတာပါ။

တကယ်တော့ ကောင်မလေးရယ်
ငါဆိုတာ မျှော်လင့်ချက်ကမ်းပါးက
ကပ်တွယ်ခွင့် သဲပွင့်လေးတစ်ပွင့်ပါ။

လွမ်းပိုင်ရှင်

In: ကဗျာ Posted By: Date: May 7, 2012
Comment #1

khan sar r pay twar par d.

commentinfo By: ei lay at May 7, 2012
Comment #2

really meaningful.

commentinfo By: ei lay at May 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment