Professional Authors

သိမှတ်စရာ စကားစုလေးများ

နှလုံးသားကို သော့ ခတ်ထားပါ
ချစ်ရတာလည်းဒုက္ခ
မုန်းရတာလည်း ဒုက္ခပါပဲ။

 
ချစ်သူကိုမတွေ့ ရရင် စိတ်ပူလောင်သလို
 မုန်းသူကို မြင်ရရင်လည်း
 စိတ်ဆင်းရဲရပါတယ်။

စိတ်မပူလောင်ချင်ရင်
ဘယ်သူ့ ကိုမှ မချစ်ပါနဲ့ ။
စိတ်မဆင်းရဲချင်ရင်
ဘယ်သူ့ ကိုမှ မမုန်းပါနဲ့ ။

 
အချစ်ဟာ မီးပဲ
တစ်စုံတစ်ယောက် သို့ မဟုတ် တစ်စုံတစ်ခု
အပေါ်မှာ စွဲစွဲလမ်းလမ်း ချစ်နေပြီ
စွဲစွဲလမ်းလမ်း ငြိကပ်တပ်မက်နေပြီတိုရင်
မရခင်မှာလည်း မျှော်လင့်တမ်းတခြင်းတွေနဲ့ 
ပူလောင်ရပါတယ်။
ရနေဆဲအချိန်တွေမှာလည်း
သာယာယစ်မူးခြင်းတွေနဲ့ ပူလောင်ရပါတယ်။
ရပြီးလို့  ပျောက်ကွယ်ပျက်စီးသွားချိန်မှာလည်း
ဆွေးမြေ့ကြေကွခြင်းတွေနဲ့  ပူလောင်ရပါတယ် ။

အချစ်သည်းလေ အပူကဲလေ
အချစ်ဆိုတာ ရာဂ ၊ ရာဂဆိုတာ ကိလေသာ
ကိလေသာဆိုတာ အကုသိုလ်
အကုသိုလ်ဆိုတာ ဆိုးကျိုးကို ဖန်တီးပေးတဲ့ အရာ
ဒီတော့ အချစ်ကြောင့် ကံကောင်ခြင်းလက်ဆောင်တွေသာ
ရလိမ့်မယ်လို့  ဘယ်နည်းနဲ့ မှ မမျှော်လင့် ပါနဲ့ 
အချစ်ကြောင့်ပူလောင်ခြင်းလက်ဆောင်တွေသာ
တစ်ပွေ့ တစ်ပိုက်ကြီး ရနိုင်တယ်ဆိုတာ
သစ္စာတရားတစ်ခုအဖြစ်
အရိုးစွဲအောင်မှတ်သားထားလိုက်ပါ။
 

ဝမ်းနည်းနေတာ အလုပ်မရှိလို့ 
ကိုယ်တန်ဖိုးထားတဲ့ အလုပ်တစ်ခုခုကို
စိတ်ဝင်စားမှုအပြည့်အ၀နဲ့ 
စွဲစွဲမြဲမြဲ လုပ်နေခဲ့ ရင်
စိတ်ဓာတ်တွေ ခိုင်မာပြီး
အသိဥာဏ်တွေ ရင့် ကျက်လာမှာပါ။

 
နှလုံးသားတွေ မာကျောနေမှတော့ 
ဘာသဘောနဲ့ ဘယ်သူကိုယ့်ကို စွန့် စွန့် 
တွန့် လွန့် မနေတော့ ပါဘူး။
နှုတ်ဆက်ပြုံးပြရုံပဲပေါ့ ကွယ်။
 

ဘယ်မှာလဲ ထာဝရအချစ်
မေတ္တာတိမ်းပါးလို့ 
စိမ်းကားစွာခွဲခဲ့ ကြပြီဆိုမှဖြင့်
ဝမ်းနည်းစရာအဖြစ်အပျက်တွေပဲ
အသစ်ဆက်ပေါ်လာတော့ မှာပေါ့။
 

“အခုတော့လည်း …သူစိမ်းတွေလိုပါပဲလား”ဆိုတဲ့ စကားက
မင်္ဂလာအပေါင်း ခညောင်းနေတဲ့ 
စကားမှမဟုတ်ဘဲကွယ်။

ကျေးဇူးပဲ အချစ်ရေ
ချစ်သူရဲ့ စိမ်းကားရက်စက်မှု
မြတ်နိုးရသူရဲ့  သစ္စာကင်းမဲ့ မှုဟာ
စိတ်ထားတတ်သူအတွက်တော့ 
တန်ဖိုးမဖြတ်နိုင်တဲ့ 
ဘ၀လွတ်မြောက်မှုဆုလာဘ်ကြီးပါပဲ။
အသုံးချတတ်သူတစ်ယောက်အတွက်
အချစ်ကံခေတာဟာ အနှစ်ကျန်စေဖို့ ပါပဲ။

နှစ်သက်တဲ့ ကဗျာလေးပါ..
သူငယ်ချင်းတွေကို မျှဝေပေးတာပါ..

In: ကဗျာ,Others Posted By: Date: Aug 19, 2011
Comment #1

ကဗျာလေး ဖတ်လို့အလွန်ကောင်းတယ် share ပေးတဲ့ မအင်ကြင်းဖြူ ကျေးဇူး ။

commentinfo By: X - ray at Aug 19, 2011
Comment #2

ကောင်းလိုက်တာ
လိုက်မလုပ်နိုင် တာက ခက်တာပါနော်

commentinfo By: Flora White at Aug 19, 2011
Comment #3

ဟုတ်တယ်.. လိုက်လုပ်ဖို့ကျတော့ မလွယ်ဖူး….

commentinfo By: Inn Gyin Phyu at Aug 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment