Professional Authors

လူငယ်စိတ်

စိတ်ခွာသံတရှပ်ရှပ်ကြားရင် လက်ဆီ စကားလုံးတွေ မီးကူးလိုက်ချင်တယ်
မရရရာဘေးနားရှိတဲ့ကြွက်သတ်ဆေးကို ကဗျာထဲထည့်ရေးမယ်
မရှိမဲ့ရှိမဲ့ရှိစုမဲ့စုသူများမျက်ရည်ပေါက်ကြီးငယ်ကိုမြိုကျရက်တဲ့လူတွေအကြောင်း
ထည့်ရေးဖို့တော့ တော်တော်စဉ်းစားရဦးမယ်
တိုက်ခတ်နေတဲ့လေဟာ
လမ်းလျှောက်လာတဲ့အပျိုမတစ်ယောက်လို ဆတ်တောက်ဆတ်တောက်
အာရုံကိုလာလာထိတဲ့ `အလကားကောင်ပါကွာ´ဟာ အလကားပဲ
အာရုံကသွားသွားထိတဲ့ သုညတ္တ၀ါဒဟာ လျော့တိလျော့ရဲ ထိုင်နေတယ်
ငွေမရှိရင် စိတ်ညစ်စိတ်ပျက်၊ ငွေရှိရင် သုံးဖို့ဖြုန်းဖို့ပဲ ခေါင်းထဲစဉ်းစား
ဒီနေရာမှာ မြုံထားလိုက်ရရင် ဟိုနေရာမှာ ပေါက်ကွဲပစ်လိုက်ဖို့ပဲ ခေါင်းထဲစဉ်းစား
ပျော်ရာမှာမနေရရင် ရောက်ရာနေရာမှာ ပျော်ပစ်လိုက်ဖို့ပဲ ခေါင်းထဲစဉ်းစား
ဘ၀မှာ အရာရာ ကောင်းပါတယ်လို့ပြောရင်း အရာရာ ဘ၀မှာ လာလာခါးတယ်
ရယ်ရတာ ထစ်အ,ထစ်အမို့ အပျင်းပြေ ငိုချလိုက်တော့လည်း အ,ထစ်,အ,ထစ်ပဲ
မင်းမရှိတဲ့ငါ့ဘ၀မှာ နေ့နဲ့ညဆိုတာ အတူတူပါပဲကွာလို့
ညီမလေးနဲ့တွေ့ရင် ဖိုသီဖတ်သီ ချွဲပြဖို့ကလည်း နေ့ရွှေ့ညရွှေ့
ဒီခေတ်မှာ ကြိုက်တဲ့အဓိပ္ပာယ် စကားလုံးခေါင်းခေါက်ရွေးလို့ရတယ်
ဒီခေတ်မှာ `ဘာမှ အဆင်မပြေဘူး´စကား တစ်နေ့တစ်ခြား လူကြိုက်များလာတယ်
ဒီနေ့အဖို့ မော့ကြည့်နေရတဲ့စပျစ်သီးတွေကို ရွေ့နေတဲ့စိတ်နဲ့လှုပ်ချဖို့ သွားမယ်
အခုဆို အခုပဲ

                                                                                                ကိုသျှား

In: ကဗျာ Posted By: Date: Dec 30, 2011
Comment #1

ငွေမရှိရင် စိတ်ညစ်စိတ်ပျက်၊ ငွေရှိရင် သုံးဖို့ဖြုန်းဖို့ပဲ ခေါင်းထဲစဉ်းစား
ဒီနေရာမှာ မြုံထားလိုက်ရရင် ဟိုနေရာမှာ ပေါက်ကွဲပစ်လိုက်ဖို့ပဲ ခေါင်းထဲစဉ်းစား
ပျော်ရာမှာမနေရရင် ရောက်ရာနေရာမှာ ပျော်ပစ်လိုက်ဖို့ပဲ ခေါင်းထဲစဉ်းစား
ဘ၀မှာ အရာရာ ကောင်းပါတယ်လို့ပြောရင်း အရာရာ ဘ၀မှာ လာလာခါးတယ်
ရယ်ရတာ ထစ်အ,ထစ်အမို့ အပျင်းပြေ ငိုချလိုက်တော့လည်း အ,ထစ်,အ,ထစ်ပဲ
မင်းမရှိတဲ့ငါ့ဘ၀မှာ နေ့နဲ့ညဆိုတာ အတူတူပါပဲကွာလို့
ညီမလေးနဲ့တွေ့ရင် ဖိုသီဖတ်သီ ချွဲပြဖို့ကလည်း နေ့ရွှေ့ညရွှေ့
ဒီခေတ်မှာ ကြိုက်တဲ့အဓိပ္ပာယ် စကားလုံးခေါင်းခေါက်ရွေးလို့ရတယ်

commentinfo By: SoFarAwayFromU at Dec 31, 2011
Comment #2

လူငယ်စိတ်ဟာ စိတ်ညစ်ညူးခြင်းကိုပဲဆောင်ယူလာတာ
များတယ်လို့ ကျွန်တော်လက်ခံပါတယ်အကို

commentinfo By: yaewintaung at Dec 31, 2011
Comment #3

ဒီခေတ်မှာ `ဘာမှ အဆင်မပြေဘူး´စကား တစ်နေ့တစ်ခြား လူကြိုက်များလာတယ်..
ဒီကဗျာလေးက အမှန်တရားကိုရေးထားသလို..အရမ်းလည်းလှတယ်..

Comment #4

ကလောင်ရှင် ကိုသျှားရေ လက်ကိုတော့စိန်စီထားသင့်တယ်ဗျ
ရေးချက်တွေက ကမ်းကုန်ဘဲ
အရေးအသားကရေရေလည်လည်မိုက်တယ်ဗျာ
ဒါကြောင့်လည်းလေးစားတာ အရေးအသားကို ။

commentinfo By: X - ray at Feb 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment