Professional Authors

ရွှေငါးလေးနဲ့ဝေးဝေးက နေ့စွဲတွေ ၎

ရွှေငါးလေးနဲ့ဝေးကွာနေရတဲ့ဘ၀ဆိုတာ
အရှင်လတ်လတ်ငရဲခန်းများလား
အရူးအမူးစွဲလန်းစိတ်ဟာ
အာရုံကို တတိတိ ကိုက်ဖြတ်ဝါးမြိုနေတယ်

ရွှေငါးလေးမှာ
ဘ၀ဆန်တဲ့အနာဂတ်စိတ်ကူးတစ်ခု ရှိခဲ့တယ်
ကျွန်တော့်မှာ
စိတ်ကူးယဉ်ဆန်တဲ့အနာဂတ်ဘ၀တစ်ခု ရှိခဲ့တယ်
အရာရာနဲ့အကြောင်းကြောင်း သရုပ်ဆောင်နေရတဲ့
တင်ဆက်မှုဟာ လူ့ဘဝ
ကျွန်တော့်အရာရာ
သူ့အကြောင်းဆီ မမီမကမ်း တွေးခေါ်တယ်
သူ့အရာရာ
ကျွန်တော့်အကြောင်းဆီ စုပ်တသတ်သတ် ရယ်မောမယ်

လက်ဖက်ရည်ဆိုင်နဲ့စာအုပ်တွေ သူ့အတွက် မလိုအပ်ခဲ့သလို
ရုပ်ရှင်ရုံနဲ့ဖက်ရှင်ရှော့(ပ်)တွေ ကျွန်တော် ငြင်းပယ်ခဲ့တယ်
ဘယ်လိုလှပတဲ့ကြိယာဝိသေသနတွေမှ မပါဘဲ
ကျွန်တော်တို့နှစ်ယောက် ရိုးရိုးလေးပဲ ဝေးခဲ့တယ်

ကျွန်တော်ပြောပြခဲ့တဲ့ချစ်ခြင်းမေတ္တာကိုတောင်
နားမလည်ခဲ့တဲ့သူဟာ
ကျွန်တော်ပြောမပြခဲ့တဲ့
ကျွန်တော်တုန်လှုပ်တတ်မှုတွေအကြောင်း
နားမလည်ခဲ့တာ ဆန်းတော့ မဆန်းဘူး

ရွှေငါးလေး မရှိရင် . . .
နေ့ရက်တိုင်းဟာ ပြဿဒါးပဲ
အရိပ်ဟာ ရန်သူပဲ
ကိုယ့်အိမ်ကိုယ့်ယာလည်း ဖုန်းဆိုးမြေပဲ

ရွှေငါးလေး မရှိရင် . . .
ကျွန်တော်ဟာ ကြည့်မမြင်ပြောမကြား ဆွံ့အနားပင်းပဲ
ရွှေငါးလေး မရှိရင် . . .
ကျွန်တော်ဟာ အရိုင်းအစိုင်းလူပေလူလွင့်ပဲ
ရွှေငါးလေး မရှိရင် . . .
ကျွန်တော်ဟာ သေလူပဲ

                                                        ကိုသျှား

In: ကဗျာ Posted By: Date: Jan 24, 2012
Comment #1

har,,,,,,,
har,,,,,,,,,,
heart hti twar p,,,,,,,,,,,,
d lout kaung aung ma yae par ne lar shin.
heart attack ya twar yin say yone hmar lar kyi ya me naw,,,

commentinfo By: ei lay at Jan 24, 2012
Comment #2

ရွှေငါးလေး လည်း ကိုသျှားကို ချစ်မှာပါ…ဒီလောက်ဖွဲ့နွဲ့တတ်တဲ့ချစ်သူကို…
………………..
အဆင်ပြေပါစေလို့…
အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jan 25, 2012
Comment #3

ကိုသျှားဆန္ဒတွေပြည့်ဝပါစေနော်.

commentinfo By: May Kha at Jan 25, 2012
Comment #4

ရွှေငါးလေး မရှိရင် . . .
နေ့ရက်တိုင်းဟာ ပြဿဒါးပဲ
အရိပ်ဟာ ရန်သူပဲ
ကိုယ့်အိမ်ကိုယ့်ယာလည်း ဖုန်းဆိုးမြေပဲ

ရွှေငါးလေး မရှိရင် . . .
ကျွန်တော်ဟာ ကြည့်မမြင်ပြောမကြား ဆွံ့အနားပင်းပဲ
ရွှေငါးလေး မရှိရင် . . .
ကျွန်တော်ဟာ အရိုင်းအစိုင်းလူပေလူလွင့်ပဲ
ရွှေငါးလေး မရှိရင် . . .
ကျွန်တော်ဟာ သေလူပဲ

commentinfo By: terry at Jan 25, 2012
Comment #5

အကို……ဘယ်လိုပြောရပြီး
ဘယ်လိုချီးကျူးရမယ် မသိတော့ပါဘူး
တကယ်ကိုကောင်းတဲ့ကဗျာလေးပါပဲအကို
တကယ်ပါ………..
ခံစားချက်တူရုံပါမကဘူး……………..
တစ်ယောက်ရဲ့စိတ်တံခါးကို တစ်ယောက်က
လှမ်းခေါက်ဖွင့်လိုက်သလိုပါပဲဗျာ

commentinfo By: yaewintaung at Jan 25, 2012
Comment #6

ီD htet po kaung aung yae ba ya zay lar byar.
heart attack ya twar yin say yone hmar ko tie lar pyu su pay pa mel ma ei lay yel.

ဖွဲ့နွဲ့တတ်လွန်းလို့ ကြောက်သွားတယ်ထင်ပါရဲ့မမိုးရယ်…

ဟုတ်ကဲ့ပါမမေခရေ…အဲဒီဆုတောင်းလေးအတွက် ထီပေါက်ရင် မုန့်ကျွေးမယ်သိလား

တယ်ရီ…ခွေးကောင်လေး မတွေ့ရတာ ကြာလှပြီ

ညီလေး ရွှေကြယ်မိုးရေ…နည်းနည်းတော့ လျှော့ပါဦးကွာ

ချစ်ခင်စွာဖြင့် . . .
ကိုသျှား

commentinfo By: ကိုသျှား at Jan 25, 2012
Comment #7

1 ke naw,,,
a hote naw,,
ma nyar ya bu naw,,
a ko ei lay ko pyaw p yin pyan pyin loh ya dot bu naw,,dar be.
ei lay used to visit hospital & clinic twice a week…kwi,,kwi,,
if i got heart-attack,i’ll inform u at once…

not only 1 i m not saying “ur best poem” but also lots of professional poets agree.
all r clear that i m not flattering u.
right?

but if i like so much,,it’ll famous very soon..kwi,,kwi,,,
coz i’ve 6 scense.

commentinfo By: ei lay at Jan 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment