ငွေရှိရင်ဘာမဆိုဖြစ်တယ်ဆို …. ?
ပိုက်ဆံရှိရင် အိမ်ဝယ်လို့ရတယ်၊
ဒါပေမယ့် နားခိုရာကိုတော့ ငွေနဲ့ဝယ်လို့မရနိုင်ဘူး။
ပိုက်ဆံရှိရင် နာရီဝယ်လို့ရတယ်၊
ဒါပေမယ့် အချိန်ကို ငွေနဲ့ဝယ်လို့မရဘူး။
ပိုက်ဆံရှိရင် စာအုပ်ဝယ်လို့ရတယ်၊
ဒါပေမယ့် ပညာကိုငွေနဲ့ဝယ်လို့မရဘူး။
ပိုက်ဆံရှိရင် သွေးဝယ်လို့ရတယ်၊
ဒါပေမယ့် အသက်ကိုငွေနဲ့ဝယ်လို့မရဘူး။
ပိုက်ဆံရှိရင် အပျော်ရှာလို့ရတယ်၊
ဒါပေမယ့် အချစ်ကိုငွေနဲ့ဝယ်လို့မရဘူး။
ပိုက်ဆံရှိရင် အာမခံထားလို့ရတယ်၊
ဒါပေမယ့် လုံခြုံမှုကိုတော့ ငွေနဲ့ဝယ်လို့မရဘူး။
ပိုက်ဆံရှိရင် ခုတင်ဝယ်လို့ရတယ်၊
ဒါပေမယ့် အိပ်စက်ပျော်မွေ့ခြင်းကိုတော့ငွေနဲ့ဝယ်လို့မရဘူး။
ပိုက်ဆံရှိရင် ဆေးဝယ်လို့ရတယ်၊
ဒါပေမယ့် ကျန်းမာခြင်းကိုတော့ငွေနဲ့ဝယ်လို့မရဘူး။
ပိုက်ဆံရှိရင် လူရာဝင်တယ်၊
ဒါပေမယ့် လူရိုသေအောင်တော့ ငွေနဲ့လုပ်လို့မရပါ။
ပိုက်ဆံရှိရင် ……………………………………။ ။
Comment #2
ဖတ်ပြီးတာနဲ့comment ပေးကြပါဦးဗျ
By: nayminarkar at May 21, 2010
Comment #3
i love this poem.
it’s truth.
By: kyikyi at May 31, 2010
Comment #4
မှန်လိုက်တာ ကိုနေမင်းအာကာ။ ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါ။
By: chittee at May 31, 2010
Comment #5
ကျနော် အရမ်းကြိုက်တယ်…ဒီကဗျာလေးကို အပြည့်အဝကိုထောက်ခံမိပါတယ်…ဖတ်ခွင့်ရမိတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ် အကို…
By: aung thu myo lwin at Jun 9, 2010
Comment #6
ရနိုင်တာနဲ့ မရနိုင်တာကို လူတွေက ခွဲခြားမသိကြဘူးနော်
သိတဲ့သူတွေကြတော့လဲ သိရုံပဲသိပြီး မေ့နေတတ်ကြတယ်
ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ
By: ei at Jun 9, 2010
Comment #7
မှန်လိုက်တာ …. တိုကြီးရယ် …. ဟဲဟဲ
By: meezin at Jun 17, 2010
Comment #8
အဲဒီကဗျာက ဘယ်သူရေးမှန်းတော့ မသိဘူး..
ဆရာအတ္တကျော် စာအုပ်ထဲမှာတော့ ဖတ်ဖူးတယ်..
ဆုံးတာကလဲ အဲဒီလို မဟုတ်ဘူး…..
………………………
ကဲ.. ငွေရှိရင် ဘာမဆိုလုပ်လို့ရတယ်..ဆိုတာ သေချာလို့လား..
ခင်ဗျားမှာ ထားစရာ မရှိအောင်များနေရင်တော့ ..
ကျုပ်ကို နည်းနည်းပေးသုံးပါလား..
ဆိုတာမျိုးလေးနဲ့ အဆုံးသတ်ထားတာပါ..။
ဘာပဲဖြစ်ဖြစ် ဆရာ အတ္တကျော်နာမည်လေးထည့်ပေးလိုက်ပါ့လား.. ။
း)
By: သုရှင် at Jul 16, 2010
Comment #9
ဟုတ်ပါတယ် ပိုက်ဆံနဲ့ မရတာတွေကတော့ လောကမှအများကြီးပါ ။
By: နွေးနွေး at Jan 3, 2011
Comment #10
ခု လို commant ပေးတဲ့အတွက်ကျေးဇူးဘဲဗျာ
By: nayminarkar at Jan 25, 2011
Comment #13
really nice
By: ei lay at May 17, 2012
Comment #14
100% right.
By: ei lay at Dec 19, 2012




Comment #1
မှန်လိုက်တာ ဦးနေမင်းအာကာ ရေ