Professional Authors

ဖြစ်လေသမျှ အနိစ္စ

ဆွဲချွတ်လို့ကျွတ်ရ
ပယ်ခွာလို့ကျွတ်ရ
အဝါတွေမှိန်
သာသနာတိမ်တော့မှာလား
ငမွဲတိုင်းပြည်မှာ
သာသနာတော့
ချွတ်ခြုံမကျရစေနဲ့
သံဃာမှကိုးစရာမရှိရင်
ဘုရားမှတစရာမရှိရင်
တို့မျိုး တို့ဘာသာကွယ်ရချိမ့်ကွယ်
လှော်ခတ်ဆဲဆိုပေမယ့်
ရွက်ကရွက်
တက်ကတက်
သက်ဝင်ပုံခြင်းတော့ဘယ်တူမလဲ
ကပ်ကမ္ဘာအစုန်အဆင်းမှာဖြင့်
တအား လျော့ခဲ့ပေါ့
အော်.
ချီမိုးခဲ့သောလက်အုပ်နဲ့
ဖမ်းဆုပ်လို့သာ တားလိုက်ချင်ရဲ့….

In: ကဗျာ Posted By: Date: Aug 21, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment