Professional Authors

“၀တ်ကျေတန်းကျေ မီးပူထိုးထားတဲ့ရန်ကုန်”

မနက်ခင်းတွေမှာငါတို့တွေဟာ

ကိုယ့်ကိုယ်ကိုကြည့်ကောင်းသထက်ကောင်းအောင်

အတတ်နိုင်ဆုံးပြင်ဆင်ခဲ့ကြ..

 

ပီးတော့မှ…….

ကားမျိုခံကြ စပါယ်ယာအငေါက်ခံကြ

အလုပ်ရိုက်တာခံကြ ကိုယ့်ကိုယ်ကိုရိုက်ကြ

လောဘနဲ့ဒေါသကို မူပိုင်ယူပီး သုံးခဲ့ကြ

ငါသာသိခဲ့ကြ ငါသာတတ်ခဲ့ကြ

 

မနက်ကစတဲ့နှိုးစက်နဲ့ ညနေစောင်းပြန်တော့

အ၀တ်နဲ့အတူကျေနေတဲ့ စိတ်ဓါတ်နဲ့

ဝတ်ကျေတန်းကျေ အိမ်ပြန်ခဲ့ကြ

 

အားပြည့်သယောင်ထမင်းတစ်နပ်နဲ့

အပေါ်ယံရေချိုးပီးရင်တော့

မနက်ဖြန်ကိုအရောင်တင်ဖို့

စိတ်ဓါတ်တွေမီးပူထိုးရအုန်းမပေါ့..။

 

မောင်မြတ်သူ(ခေတ္တ-လှည်းတန်း)

In: ကဗျာ Posted By: Date: Dec 29, 2011
Comment #1

righttttttttttttttttttttttttttttt
sometimes really boring.

commentinfo By: ei lay at Dec 30, 2011
Comment #2

မိုက်တဲ ~~
တိုတိုဘဲပြောသွားတယ်ဗျာ ။

commentinfo By: X - ray at Dec 30, 2011
Comment #3

ရန်ကုန်က ဘ၀တွေကို စုပ်ယူထားတယ်ဗျာ… အသွေးတွေအသားတွေ အသိညဏ်တွေ
ကျွန်တော်လည်း ၀တ်ကျေတန်းကျေပဲ မီးပူထိုး ရန်ကုန်မှာနေထိုင်လျက်ပါလို့ …

commentinfo By: မိုးလူ at Dec 30, 2011
Comment #4

ကျေးဇူးဗျ ရန်ကုန်ရဲ့ လူနေမှုဘ၀လေး မြင်သလောက်ရေးတာလေးကို သည်းညဉ်းခံဖတ်ပေးလို့ 🙂

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Dec 30, 2011
Comment #5

ကြွက်လေးရေ…..
ဒုတိယအကြိမ်..အားရကျေနပ်စွာဖတ်ရှုအားပေးသွားပါကြောင်းးးးးး
ကြိုက်မိတဲ့ရသကဗျာလေးပါဗျ

commentinfo By: sharon myorr myor at Dec 30, 2011
Comment #6

ကြိုက်၏…။

commentinfo By: SoFarAwayFromU at Dec 31, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment