Professional Authors

စစ်ပြီးခေတ် (၀င်းမောင်)

ကမ္ဘာကြီးက
ကဗျာဆရာတစ်ယောက် ရောက်လာဖို့
အမြဲတမ်း စောင့်နေတယ်
ကမ္ဘာကျော် ပန်းပုဆရာ ရိုဒင်ရဲ့ “သရီးဒိုင်မေးရှင်း” လို
အနုပညာ အရ ငါ ငြိမ်သက်နေတယ်
ဆေးပညာ အရ ငါ ပင်ပန်းနေတယ်
လောကဓံအရ ငါ ဒေါသထွက်နေတယ်
ရက်စက်တဲ့ မာန်နတ်
မပြည့်စုံတဲ့ သူတော်စင်
တချို့ကဆိုရင်
သူတို့ နားမလည်တာကို ကြောက်ကြတယ်
မိုးရွာမလား
နေသာမလား
ရာသီဥတုက ဘာမှန်းမသိ
အထင်ကရ စစ်ပွဲကြီး ဆိုတာကလည်း
နောက်ဆုံးတော့ ပြီးသွားတာပါပဲ။

Heart မဂ္ဂဇင်း၊ ဇူလိုင် ၂၀၁၀

Comment #1

ကမ္ဘာကြီးက
ကဗျာဆရာတစ်ယောက် ရောက်လာဖို့
အမြဲတမ်း စောင့်နေတယ်

commentinfo By: May Kha at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment