ကျေနပ်စွာ အမြဲ……ငါ နင့်ကို ခွင့်လွတ်နေပါ့မယ်….။
“နင်ဘယ်မှာလဲ” ဆိုတဲ့အတွေးတွေ ၀င်လာတိုင်း
ငိုချပစ်ခဲ့တဲ့ ညတွေ ဒုနဲ့ဒေး
ယိုစိမ့်လွယ်နေဆဲဖြစ်နေတဲ့ ၀မ်းနည်းမှုတွေကို
ငါဘယ်လိုနည်းနဲ့…..ရပ်တန့်စေနိုင်လဲ….?
လွမ်းရလွန်းတဲ့ဘ၀ကို နာစရာတွေနဲ့ အခါခါဖြေသိမ့်
ငါကိုယ် ငါလည်း စိတ်ပျက်ပါတယ်….
နာကျဉ်းစရာတွေ ဘယ်လောက်များများ….
သတိရမှုတွေတိုင်းက တသီးတသန့် ဖြစ်မြဲဖြစ်နေတတ်တယ်….။
နင့်ရဲ့ နှုတ်ဆက်ခြင်းကို ခံယူပြီးတဲ့နောက်
ငါ့ဘ၀ တစ်စိတ်တစ်ဒေသ ရှုံးနိမ့်သွားခဲ့တယ်……။
အချစ်ဆုံးသူနဲ့ လွဲတဲ့နောက်ပိုင်း
အခြေအနေဆိုးတွေ ပြုပြင်ယူရင်း…
ဖြစ်သင့်တာတွေ သင်ယူခဲ့တယ်……။
ဒါပေမယ့်
ရင့်ကျက်မှုဆိုတဲ့ စကားကိုရဖို့
ငါယူရမယ့် အချိန်အတိုင်းအတာက
မနက်ဖြန်တွေမရှိနိုင်မယ့် တစ်နေ့ထိ ဖြစ်ကောင်းဖြစ်လိမ့်မယ်….။
လမ်းခွဲရချိန်တွေ အိပ်မက်တွေထဲ ပြန်လည်နှိပ်စက်ကြတဲ့အခါ
နင့် မျက်နှာလေးကို အကြိမ်ကြိမ်မှန်း
ငါ ယောင်ရမ်းပြီး အားကိုးနေတတ်တယ်…။
ငါ့ဘ၀ နင့်ဘ၀ ခွဲခွဲခြားခြားသိခွင့်ရတဲ့အခါ
မရမက လိုချင်မိတာတွေ ပယ်ချရင်း
သောကရောက်စရာတွေ သိမ်းကျုံးသွတ်သွင်း
ချို့ယွင်းချက်တွေရှိတဲ့ ပိုင်ဆိုင်မှုတွေအတွက်
ငါဘာကိုမှ အားပြုမာန်တင်းမလိုတော့ပါ…..။
နင့်ကို ချစ်တဲ့အချစ်တွေ
ပစ်ခွင်းယူနိုင်ဖို့ အားအင်မဲ့တာမို့
အဝေးရောက်…..အဆွေး…အရေးတွေနဲ့
ငါ့ မျှော်လင့်ချက်တို့ စာနာသူမဲ့….
ပြန်မဆုံလိုတော့လည်း….ဖြစ်ပါတယ်….
ငါရခဲ့ဖူးတဲ့……အခိုက်အတန့်တွေအတွက်…..
ထိုက်တန်တယ်လို့ယူဆရင်း……
ကျေနပ်စွာ အမြဲ……ငါ နင့်ကို ခွင့်လွတ်နေပါ့မယ်….။
အလွမ်း(ကေသရီ)
Comment #3
ရင့်ကျက်မှုဆိုတဲ့ စကားကိုရဖို့
ငါယူရမယ့် အချိန်အတိုင်းအတာက
မနက်ဖြန်တွေမရှိနိုင်မယ့် တစ်နေ့ထိ ဖြစ်ကောင်းဖြစ်လိမ့်မယ်….။
စာနာလျက်
By: NC at Jan 13, 2012
Comment #4
နင့်ရဲ့ နှုတ်ဆက်ခြင်းကို ခံယူပြီးတဲ့နောက်
ငါ့ဘ၀ တစ်စိတ်တစ်ဒေသ ရှုံးနိမ့်သွားခဲ့တယ်……။
အချစ်ဆုံးသူနဲ့ လွဲတဲ့နောက်ပိုင်း
အခြေအနေဆိုးတွေ ပြုပြင်ယူရင်း…
ဖြစ်သင့်တာတွေ သင်ယူခဲ့တယ်……။
..
တကယ်က တပုဒ်လုံးကိုကောင်းတာပါ…
အားပေးသွားပါတယ်….
By: အသဲကွဲမိုး at Jan 13, 2012
Comment #5
ငါရခဲ့ဖူးတဲ့……အခိုက်အတန့်တွေအတွက်…..
ထိုက်တန်တယ်လို့ယူဆရင်း……
ကျေနပ်စွာ အမြဲ……ငါ နင့်ကို ခွင့်လွတ်နေပါ့မယ်….။
ထပ်တူခံစားအားပေးသွားပါတယ်။
By: poem.poem28 at Jan 13, 2012
Comment #8
read again par
By: ei lay at Jan 30, 2012




Comment #1
all r same with me except one.
i didn’t get anything from him…”care,kindness,love,faith,truth,promise”
my motto is “LOVE IS A PARDONABLE INSANITY”