Professional Authors

Bill Gates ကိုမှ အားကျသူ

ထွက်ခွာခဲ့ရ ပြုံးမျက်စနဲ့
ကရုဏာမျက်ဝန်း
အကြင်နာ သွင်ပြင်
အိုင်တီရပ်ဝန်း တိုးတက်စေဟု
စိတ်မှာ ရည်မှန်း
အပြုံးများနဲ့ ဘီလ်ဂိတ်ရေ…..
၁၉၅၅ တွင် အိုင်တီရပ်ဝန်း
အောင်မြင်ရေးအတွက်
မွေးဖွားလာသူ
၁၉၇၆ မှ အစပြုလို့
မိုက်ခရိုဆောဖ့်အဖြစ်
အမည်ပေးခဲ့
ကြိုးစားမှုနဲ့
၁၉၈၁ တွင်
မိုက်ခရိုဆောဖ့်အတွက်
ဦးဆောင်လုပ်ကိုင်ခဲ့သူ
အပြိုင်အဆိုင် အထိုးအနှက်တွေကြား
အပြုံးမပျက် ကြံ့ကြံ့ခိုင် ကြိုးစားရင်း
ဖြတ်သန်းခဲ့တဲ့ နှစ်များအတွင်း
အောင်မြင်မှုပေါင်းများစွာနဲ့
ရက်သတ္တပတ်ပေါင်း ၁၇၀၀ ပတ်ကျော်
ကြိုးစားခဲ့တဲ့ ရက်တွေအတွက်
ကျွန်မတို့တစ်တွေ
မိုက်ခရိုဆောဖ့်ကို သုံးနေသမျှ
ကာလပတ်လုံး အမှတ်ရအောင်းမေ့လျှက်
ထာဝရနှုတ်ဆက်ခြင်း မဟုတ်ပေမယ့်
အိုင်တီရပ်ဝန်းတစ်ခုလုံးကိုယ်စား
ကျွန်မပြောချင်တာကတော့
ကျေးဇူးပါပဲ
Bill Gates ရေ….

In: ကဗျာ Posted By: Date: Jun 29, 2010
Comment #1

အင်တာနက်မှာ ချစ်သူကို မြင်ရတိုင်း
အင်တာနက်မှာ ချစ်သူနဲ့စကားပြောရတိုင်း
အင်တာနက်မှာ ချစ်စရာကောင်မလေးတွေကိုမြင်တိုင်း
လျပ်စစ်ကိုတီထွင်သူရယ်
တယ်လီဖုန်းကိုတီထွင်သူရယ်
ကွန်ပြူတာကိုတီထွင်သူရယ်
အိုင်တီနည်းပညာတွေကိုတီထွင်သူရယ်ကို
ကျေးဇူး တင်တယ်ဆိုတာနဲ့တင်ပြောလို့မလုံလောက်လို့
သည့်ထက်ကောင်းထက်စကားလုံး
ရှာလိုက်ပါအုံးမယ်။

Leave Comments

Name*

Email*
Website
Email me whenever there is new comment