Professional Authors

မင်းငါ့ကိုစောင့်မှာလား

စောင့်မှာလား
အသစ်စိုက်ပျိုး ဖူးပွင့်ချိန်အထိ
စောင့်မှာလား
ဝဲဂယက်တွေ ငြိမ်သက်ရေကြည်ချိန်အထိ
စောင့်မှာလား။

သိချင်တယ် စောင့်မှာလား
ငါ့ရင်က
အဆိပ်ပြယ်အောင်ကုလို.ပျောက်မှ
ထွက်သွားမှာလား
အတုံ.အပြန်မလိုချင်တော့ဘူးလား။

ငါ့လိုပဲ
အဖြေတွေကို စိတ်မချလို.
အမေးတွေမမေးတော့တာလား
ငါလည်း မမေးရဘူးလား
စောင့်မှာလားလို. မမေးရတော့ဘူးလား။      ။

In: ကဗျာ Posted By: Date: Aug 16, 2010
Comment #1

ပြောပါ . .
မင်း ငါ့ကို ဘယ်တော့ အိပ်မက် မက်မှာလဲ
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့ တံစက်မြိတ်အောက်မှာ
ငါ..
တိတ်တိတ်ကလေး ရပ်စောင့်နေတာ
ကြာပြီလေ . . .။
(ပြန်ဖြေတာဟုတ် ဘူး…မင်းခိုက်စိုးစန် ကဗျာ)

commentinfo By: နော်ဧရာဝတီ at Aug 16, 2010
Comment #2

ပြန်မေးမယ်လေ
ဘယ်တော့အထိလဲ သိလို့ရမလား
ကဗျာလေးကတော့ ကောင်းပါတယ်

commentinfo By: လွတ်လပ် at Aug 17, 2010
Comment #3

လာမှာလား…
…………………………………
လာမှာလား…တဲ့…
ဟီးးးးးးးနော်မေးတာ ဟုတ်ဖူးနော်..သူ..သူ..သူ…း))

commentinfo By: မှုံရွှေရည် at Aug 25, 2010
Comment #4

nice poem
lots of questions

commentinfo By: ei lay at Jan 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment