Professional Authors

ယိမ်းလှချေ့ မြခွာညို (မင်းသုဝဏ်)

ပြာသိုအဝင် ဝေမျှချင်တာကတော့ ကျွန်တော်ငယ်ငယ်က သိခဲ့ဖူးတဲ့ မင်းသုဝဏ်ရဲ့ ကဗျာပါ။

နှင်းအတွဲ့ ဆီက၊
သင်းနွဲ့နွဲ့ မြခွာညို
လင့်စားသူ နေမဖြောင့်တယ်၊
စိုး ကြောင့်ကြပို။ ။

ပြေအချပ်တွေနဲ့၊
ရွှေဝတ်ကယ်က နှင်းမစို၊
တင်းမိုတဲ့ ပျို့သဲ။ ။

ချမ်းရိပ်သာ၊
ပန်းလိပ်ပြာ အလာ ကျူးရော့ထင့်။
ပြာသို ခွာညိုဦးရယ်၊
မြူးကြိုင်နံ့ နဲ။ ။

In: ကဗျာ,မင်းသုဝဏ် Posted By: Date: Dec 27, 2011
Comment #1

ခွါညိုပန်းပုံလေး မြင်ချင်တယ်…
လိပ်ပြာ အလာ များလို့  ခွါညိုအနံ့ နဲ တယ်ဆိုတော့ 
လိပ်ပြာတွေနားတာတွေ့ ရင် မောင်းပစ်မယ်
ပန်းရနံ့ တွေ သင်းပျံ့ စေချင်

commentinfo By: Nothing Special at Dec 28, 2011
Comment #2

မဖတ်ဖူးတဲ့ကဗျာလေးပါ၊ နစ်သက်သဘောကျမိပါတယ်။
ကျေးဇူးတင်ပါတယ်။

commentinfo By: သက်ထားငြိမ် at Dec 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment