Professional Authors

ရွှေမြ ခွစာ (မင်းသုဝဏ်)

ကဲ… ဒီလို ရည်းစားစကားပြောနည်းလေးကိုလဲ မှတ်သားထားကြပေါ့ကွယ်…

စိုက်လိုက် မတ်တတ်၊ သူပြောတတ်၍
အရပ်ထဲက၊ မောင်ရွှေမြကို
လူခွစာဟု ဆိုကြသည်။ ။

ပရိယာယ် မပါ မာယာ မသုံး
လုံးတီးစကား သူ ပြောကြား၍
စကားလုံးတီး၊ ဆန်လုံးတီးဟု
ချီးမြှောက်ခေါ်ကြ၊ မောင်ရွှေမြသည်
ရှောင်ကြဤလည်း၊ သူမမှု
တိမ်းကြဤလည်း၊ သူမမှု
ပြုဖွယ်ကိစ္စ မှန်မှန်ပြု။ ။

တညနေချမ်း၊ ရေခပ်လမ်း၌
ငယ်ကျွမ်းဆော့ဖက်၊ မခင်သက်ကို
ရွာထွက်ဝမှာ၊ တွေ့ရပါသည်
ခွင့်သာပါဘိ၊ နှစ်ယောက်ချင်း
ပြောလိုက်တော့မည် စိတ်ကိုတင်း။ ။

စိုက်လိုက် မတ်တတ်၊ သူပြောတတ်၍
ထင်မှတ်လွဲမည်၊ သူ စိုးသည်ကြောင့်
ချိုကြည် ယဉ်ကျေး၊ စကား ရွေးခဲ့
ဟုတ်သေးပါဘူး၊ ဟုတ်ပေါက်ဘူးတည့်
စိတ်ကူးရင်းနှင့်၊ အချိန်ဖင့်၍
ပြောကျင့်ရှိရာ၊ ပြောလိုက်ပါသည်
‘ကြိုက်မှာမဟုတ်လား၊ နင် ငါ့ကို’ တဲ့
ခင်သက် ပြုံးလျက် ပြောသည် ‘အို’ တဲ့
လူပြတ် ရွာဝ နေချိုချို
သူတို့ဇာတ်လမ်း စပြီကို
ခွစာ ရွှေမြ ဆန်လုံးညို။ ။

(ပေဖူးလွှာ မဂ္ဂဇင်း၊ ဇန္နဝါရီ၊ ၁၉၈၇)

In: ကဗျာ,မင်းသုဝဏ် Posted By: Date: Nov 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment