Professional Authors

နွေဦးမြိုင်လယ် (မင်းသုဝဏ်)

 

ဝဲကာပျံကာ၊ ဤမြိုင်ချာ၌

အာကာခရီး၊ လေယာဉ်စီး၍

ကိုယ်ထီးငြိမ်သက်၊ မြေသို့သက်သည်

ကြွေရွက်ဝါလော၊ လိပ်ပြာလော။ ။

 

အလုဆန်းသစ်၊ ပျိုမျစ်မျစ်တည့်

ကြင်ချစ်ဖွယ်ရာ၊ ပင်တိုင်းမှာလျှင်

ပြူကာတစု၊ ပေါ်တာစုသည်

မြနုသစ်လော၊ ပုရစ်လော။ ။

 

လေပြေ၌တွင်၊ ပျော်မြူးရွှင်၍

ကြည်လင်လဲ့လဲ့၊ ကျူးရင့်ဖွဲ့လျက်

နွဲ့နွဲ့နှောင်းနှောင်း၊ ငြိမ့်ငြိမ့်ညောင်းသည်

နတ်စောင်းသံလော၊ ငှက်သံလော။ ။

 

 

 

 

In: ကဗျာ,မင်းသုဝဏ် Posted By: Date: Mar 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment