Professional Authors

အာက သတ္တိ (မင်းသုဝဏ်)

ဟာသ ကဗျာလေးပါ။ ကျွန်တော်ကတော့ ဖတ်ရင်း အဲဒီ မိန်းမကြီးရဲ့ ထမီဆွဲ ရန်တွေ့နေတဲ့ပုံကို မြင်ယောင်မိတဲ့အထိပဲ။

 

ခပန်း ခေါင်းတင်၊ ကြမ်းပြင် ကြောခင်း
အတင်း က တွတ်၊ နှုတ်မှ လွှတ်၍
ခါးဝတ် လျှောပြေ၊ ဗလပွေ နှင့်
ဖားဝေ ဦးဆံ၊ သန်းရှာခံ သည်
မျက်ခွံ ပေတိ ပေမှေးနဲ့။ ။

ထို သူမ လျှင်
ခဏ အတွင်း၊ အိမ်နီးချင်းနှင့်
အခြင်း များကာ၊ ဒေါမာန် ပါ နှင့်
လှဲရာမှ ထ၊ ထမီ မ ၍
အာ က ကြောက်ဘွယ်၊ နှုတ်ကြွယ်ကြွယ် နှင့်
လှယ်ကာ သစ်သစ်၊ ဆဲဆို ဟစ်သည်
ခုနစ်အိမ် ကြား၊ ရှစ်အိမ် ကြား။ ။
(၉၊ ၁၊ ၁၉၅၀)

(တခါကဖတ်ခဲ့မိဖူးတဲ့ ကဗျာစာအုပ် တအုပ်မှာတော့ ၂၃၊ ၅၊ ၁၉၅၁ မှာစပ်တယ်လို့ ရေးထားတာ တွေ့ဘူးပါတယ်။)

In: ကဗျာ,မင်းသုဝဏ် Posted By: Date: Aug 26, 2011
Comment #1

thanks par………………

commentinfo By: May Kha at Aug 26, 2011
Comment #2

အာဂသတ္တိလို့ရေးရမှာပါ။

commentinfo By: miss tower at Dec 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment