Professional Authors

ပင်လယ်ကူးတဲ့အခါ

ပင်လယ် ဓါးပြ တယောက်ထဲနေတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို
ကျွန်မ ရောက်လာတယ်……….

သောက်တဲ့ ရေတစ်ခွက် ပါးစပ်ထဲ ၀င်ရင်းတန်းလန်း ရေထပ်ငတ်တတ်သူ
ဓါးကိုင်ထားတဲ့ ညာလက်နဲ့ လက်နက်မဲ့ ဘယ်လက်အပေါ် ညှင်းပန်းနှိပ်စက်သူ
အော်သံ ပိုကျယ်တတ်တဲ့ ပါးစပ်နဲ့ အပ်ဒ၀ပ်မန့်ကို ငေးသူ
သူဟာ သူပါပဲ။
ကျွန်မက ဘာလဲ။

သူ့အတွင်းထည်ရဲ့ အလယ်ဗဟို တည့်တည့်မှာ
ကျွန်မ သူ့ကို စိုက်ကြည့်နေတယ်……………

သူ သစ်ရွက်တစ်ရွက်ကို ခြွေတယ်
သူ ပန်းတစ်ပွင့်ကို ပွင့်တယ်
သူ ရတနာတွေကို ၀ှက်တယ်
သူ ရေငတ်တယ်

သူ နောက် သစ်ရွက်တရွက်ကို…………….
သူ နောက်ပန်းတစ်ပွင့်ကို………………..
သူ နောက်ထပ် ရတနာတွေကို…………..
သူ ရေငတ်တယ်………………..

သူ နောက်ထပ်……………

သူ နောက်ထပ်……………

သူ နောက်ထပ်……………
သူ နောက်ထပ်……………
သူ ရေငတ်တယ်………….

သူ့ရဲ့ မငြီးငွေ့တတ်မှုမှာ ကျွန်မ ပင်ပန်းတယ်

ကျွန်မ ရေငတ်တယ်

သူ့ဓါးအိမ်ဟာ ပျော်စရာ မိသားစုဘ၀ တည်ဆောက်ချင်လာတာ
သူ့မျက်ရည်က ထွက်မကျခင် ခြောက်သွေ့သွားတတ်တာ
သူ့ရဲ့ ကြာရှည်တည်တံ့ မြဲမြံမှုတို့ကြောင့်ပါ
သူ့အလံတော်က စုတ်ပြတ် ဖွာလန်ကြဲသွားခဲ့ရတာ……………

သူ့ မသိမှုမှာ သူ ရေငတ်နေရမှာ ကျွန်မသိတယ်
ကျွန်မ ရေငတ်တယ်…………

ကျွန်မက ဘာလဲ
ကျွန်မရဲ့ ကိုယ်ပိုင် ခြောက်ကပ်မှုနဲ့
ရေတစ်ခွက် ဖြစ်မလာခဲ့တဲ့သူ

ပင်လယ် ဓါးပြတစ်ယောက်ထဲ နေတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ
ကျွန်မက ဘာလဲ…………

ကျွန်မ ရေငတ်တယ်

ပင်လယ်ပျောက်နေတဲ့ ပင်လယ်ဓါးပြတစ်ယောက်အတွက် ရှိခဲ့တယ်………..။……………။
 
                                                                        ပန်ပါယ်
  
(ခေါင်းစဉ် ပေးဖို့အဆင်မပြေသေးလို့ ဆရာမ မအိရဲ့ ကဗျာတစ်ပုဒ်ခေါင်းစဉ် ယူသုံးထားပါတယ်)

In: ကဗျာ Posted By: Date: Aug 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment