Professional Authors

အနည်ထိုင်ခြင်း

နာမည်တစ်ခု 
ဇာတ်လမ်းတစ်ပုဒ်
ဆုတ်ဖြဲခံလိုက်ရတဲ့ အိပ်မက်တစ်ချပ်
ဒါတွေအားလုံး
အတိတ်ထဲမှာ စုံးစုံးမြုပ်ကျန်ရစ်ခဲ့ပြီ…

ချစ်ခြင်းကောင်းကင်မှာ
အက်ဆစ်ဘာသာတွေရွာချ
ငါ့ အသဲဦးမှာ ဒီလို
တန်ဆာဆင် အခမ်းအနားပြင်ခဲ့တာပေါ့…

မျက်စောင်းတစင်းအောက်
စကားလုံးတွေနဲ့ ကဗျာတွေဆောက်ရင်း
တံတားတွေ ပျောက်ရှ
ဘ၀တစ်ခုဟာ
ဆင်ခြင်ကင်းမဲ့စွာ သာယာခဲ့ဘူးတယ်…

ကျောခိုင်းထွက်ခွာသွားသူရေ
ငါမင်းကို ကျေးဇူးတွေတင်နေပါရဲ့ကွယ်
မင်းအပြုံးတွေနဲ့ကွယ်ရာမှာ
နေသားကျရာသီစက်ဝန်းတစ်ခုပေါ့
ပေါ့ပေါ့တန်တန် ရခဲ့တာတော့ မဟုတ်ဘူးလေ… 

In: ကဗျာ Posted By: Date: Apr 23, 2013
Comment #1

ရေရေလည်လည် ကောင်းတယ်

commentinfo By: မေပျို at Apr 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment