အိပ်မက်……..ခေါ်သံ
နင်ရှိနေတဲ့ အရပ် ကို အမြဲလို……ငါဦးညွှတ်
အရင်လို…နင့်ထံမှ..ပုံပြင် အကြောင်းတွေလည်း…..
ကြား…ချင်…နေ…သေး….တယ်
ဘာမှမဟုတ်ခဲ့ပါဘူး..
တကယ်….
ဘာမှ..မဟုတ်ခဲ့ဘူး…
ရုတ်သိမ်းလိုက်တဲ့ နင့်အိပ်မက်တခြမ်း
ငါ..ကမ်းကပ်အောင် ..မဆွဲဆောင်နိုင်ခဲ့တာ..ကြောင့်ပါ။
နင်မယုံနိုင်တဲ့..ငါ့အလွမ်းတွေဖယ်..
ငါ့အကြောင်းတွေ..ဖျောက်လို့……
နင့်အနားပြန်..အရောက်လာနိုင်မယ့်
ကြိုးစ..တချို့..ငါ့ရှေ့ ဖြန့်..ချ ..ထားပေးပါလား…
နင့်အတွက်..ငါဆိုတာ…
ကျိမ်းသေပေါက်..ဟာသကောင်းတပုဒ်..
ဖြစ်ရ..ပါစေ့မယ်လေ။
တဖက်ကမ်းခတ်အောင်..ကျွမ်းကျင်တဲ့
နင့်မှော်..အနမ်းတွေ…
ဘာလို့
ငါ့ရင်ခွင်နားမှ….လန်းမဖြာချင်ရတာလဲ???
မတူ..ညီ..တူညီအောင်ညှိ..မရတာတွေနဲ့
ငါ့ကို အတိ အကျ..လျစ်လျူရှပြစ်လိုက်တဲ့နောက်
နင့်အတွက်ငါ
ဘ၀ ဆိုတာ ကို ပြောင်းပြန်လှန် သက်သေပြခွင့်
……………………….ဘယ်ချောင်..ဘယ်နားမှာ
ငါ….ဘယ်လို….ဥပေက္ခာ..ခ၀ါချ..လိုက်ရမလဲ???
ငါမေးထားတာကို……ဖြေပါ
ငါစတေးဝံ့တယ်ဆိုတာ…ယုံပါ
ငါ့အိပ်မက်တခြမ်းအတွက်
နင့်မှော်အနမ်းတွေနဲ့….အသက်ဆက်ပေးပါ
နင်က သစ်ပင်ဆို
မလှုပ်မယက်နဲ့..နင့်အနား…
ကျောက်ရုပ်လို အဖော်ပြုပေးပါ့မယ်
ငါ့အတွက်
နင့်..အပြုံးတချက်ပဲလိုတာပါ
နောက်ဆုံး…
ငါ့ကဗျာ..နင့်အတွက်ဆိုတာကို…..မသိချင်ယောင်ဆောင်..မျက်ကွယ်မပြုပါနဲ့
သေချာပါတယ်…ချစ်သူ
ငါဆိုတာ..နင့်အတွက်
တံဆိပ်ခေါင်းလှလှလေး…မဖြစ်ခဲ့တောင်
……………………..
ကျိမ်းသေပေါက်..ဟာသကောင်းတပုဒ်..
ဖြစ်စေရပါမယ်။……ငါ့ကို..အရင်လို…..ပုံပြင်တွေထဲ…ပြုစား..ပေးပါ။
Comment #2
နောက်ဆုံး…
ငါ့ကဗျာ..နင့်အတွက်ဆိုတာကို…..မသိချင်ယောင်ဆောင်..မျက်ကွယ်မပြုပါနဲ့
သေချာပါတယ်…ချစ်သူ
ငါဆိုတာ..နင့်အတွက်
တံဆိပ်ခေါင်းလှလှလေး…မဖြစ်ခဲ့တောင်
……………………..
ကျိမ်းသေပေါက်..ဟာသကောင်းတပုဒ်..
ဖြစ်စေရပါမယ်။……ငါ့ကို..အရင်လို…..ပုံပြင်တွေထဲ…ပြုစား..ပေးပါ။
မမိုး…goodတယ်ဗျာ…ထပ်တူခံစားအားပေးသွားပါတယ်။
By: poem.poem28 at Dec 13, 2011
Comment #4
wow,,,,,,,,,,
r u sure?
By: ei lay at Dec 13, 2011
Comment #6
ကျွန်တော့် ကဗျာလေး ဖတ်ရှု အားပေးကြတဲ့မောင်နှမများအားလုံးကို အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ
By: အသဲကွဲမိုး at Dec 14, 2011
Comment #7
အပိုဒ်ရွေးပြီးအားပေးမနေတော့ဘူး….တစ်ပုဒ်လုံး
ကြိုက်တယ်………..။
By: terry at Dec 14, 2011
Comment #10
အင်း ကဗျာ လေး က ကောင်းတယ်နော်………မကြီး မိုး……………အားပေးသွားတယ်ဗျာ
By: kaung kaung at Dec 25, 2011
Comment #12
ကဗျာကောင်းတစ်ပုဒ်ပါဗျာ….
By: သက္ကရာဇ် at Dec 28, 2011
Comment #13
အားပေးနေပါတယ်ဗျာ
By: moehtetaung18 at Jan 15, 2012




Comment #1
နင်မယုံနိုင်တဲ့..ငါ့အလွမ်းတွေဖယ်..
ငါ့အကြောင်းတွေ..ဖျောက်လို့……
နင့်အနားပြန်..အရောက်လာနိုင်မယ့်
ကြိုးစ..တချို့..ငါ့ရှေ့ ဖြန့်..ချ ..ထားပေးပါလား…
အားပေးသွားပါတယ်…မမိုး