Professional Authors

“ မုသားတွေနဲ့ သုံးရာသီ ”

 

ကားတော့ ကားပဲ

ဘယ်လမ်းကို သွားနေလဲမသိပေမယ့်

သူလည်း ကားပဲ …

 

မတ်တပ်ရပ်ခရီးသည်နဲနဲကို စွဲလန်းမိလို့

ရဲအဖမ်းခံထိတာတော့နာတယ် ။

သူလည်း ကားပဲ …

 

နွေတော့နွေပဲ

ခွေယိုင်လဲနေတာက လွဲရင်

သူလည်း နွေပဲ …

 

အသဲကွဲ စာရင်းဘက်မှာ

ထည့်သွင်းသတ်မှတ်ရတာတော့ နာတယ် ။

သူလည်း နွေပဲ …

 

ရထားတော့ ရထားပဲ

လူသားတွေ မပါတာကလွဲရင်

သူလည်း ရထားပဲ …

 

ကျကွဲသွားတဲ့ ဖန်ခွက်

လူတစ်စုရဲ့ ကန်ချက်မှာ

တိုင်ထိပြီး ပြန်ထွက်ခဲ့ရတာတော့ နာတယ် ။

သူလည်း ရထားပဲ …

 

မိုးတော့မိုးပဲ

တိမ်တွေပြိုကွဲပြီး မုန်တိုင်းမစဲတာကလွဲရင်

သူလည်း မိုးပဲ …

 

ခိုးဆိုးလုယက် စာရင်းတက်လို့

လူတိုင်းကျပ်တည်းတာတော့ နာတယ် ။

သူလည်း မိုးပဲ …

 

နက်တော့ နက်ပဲ

လိုင်းမတက်တာကလွဲရင်

သူလည်း နက်ပဲ

 

အပြင်ဘက်မှာအေးအေးစက်စက်

အခြားတစ်ဘက်မှာ ခက်ခဲနေတာ နာတယ် ။

သူလည်း နက်ပဲ …

 

ဆောင်းတော့ ဆောင်းပဲ

မိုးက ကောင်းနေတော့

အိမ်ထဲအောင်းနေရတာ နာတယ် ။

သူလည်း ဆောင်းပဲ …

In: ကဗျာ Posted By: Date: Dec 25, 2011
Comment #1

ဆောင်းတော့ ဆောင်းပဲ

မိုးက ကောင်းနေတော့

အိမ်ထဲအောင်းနေရတာ နာတယ် ။

သူလည်း ဆောင်းပဲ …

ဟဲ မိုက်တယ်ဗျ

commentinfo By: မောင်ချမ်းအေး at Dec 25, 2011
Comment #2

ရေးသားသွားတာ…တော်တော်မိုက်တယ်ဗျ။
အတွေးလည်းဆန်းတယ်အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 26, 2011
Comment #3

ဟုတ် အားပေးကြတာကျေးဇူးပါဗျာ

commentinfo By: ကြယ်စစ်သည် at Dec 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment