Professional Authors

သုံးရာသီ အလင်း

 

သုံးရာသီ အလင်း

      နွေရာသီရောက်ပြီဆိုရင်

air con မလိုဘူး ပန်ကာ မလိုဘူး

အမေလက်ထဲက

နှီးယပ်တောင်လေးနဲ့ နေပျော်ခဲ့တယ်..။

 

      မြောက်ဖက် မုတ်သုံလေ တိုက်ပြန်တော့

heater မလိုဘူး ဂွမ်းစောင်မလိုဘူး

အမေရဲ့ လက်ဖြစ် ဖျင်ထည်စောင်လေးနဲ့

ပြည့်စုံခဲ့ဖူးတယ်…။

 

      ဟော…အခု

မိုးရာသီရောက်ပါပြီ…

မိုးခြိမ်းသံကြားရင် ထခုန်

လျှပ်စီးကြောင်းမြင်လိုက်ရင်

အမေ့ ရင်ခွင်ထဲ ၀င်ပုန်းနေကျ

ဟောဒီ သိုးမည်းဟာ

အခုတော့

ဝံပုလွေကျင်းထဲမှာ ထောင့်ကပ်လို့ပေါ့…။

 

In: ကဗျာ Posted By: Date: Jun 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment