Professional Authors

ပုံသေ

နွေဟာ ….. နွေပဲ
မိုးဟာ … မိုးပဲ
ဆောင်းဟာ … ဆောင်းပဲ
မပြောင်းလဲပါဘူး … မောင်

ပေးဆပ်နေမြဲ
ဆွေးတတ်နေဆဲ ..
အအိပ်ပျက်နေလည်း
မမုန်းရက်ခဲ့ပါဘူး … မောင်

အိပ်မက်ထဲလည်း ရောက်မလာ
ပုံရိပ်လေးတောင် ဖျောက်ကာထားသူ
ဒီအပူတွေ လွန်ဆန် မရသူအကြောင်း
ခေါင်းစဉ် မတင်လိုတော့ပါဘူး

သက္ကရာဇ်တွေ ပြိုနေသည်နှင့်အမျှ
ရင်ခွင်က ငိုလို့နေသူ အကြောင်း
တစေ့တစောင်း တောင်
မောင် မတွေးတတ်တာ .. ယုံကြည်ပြီးသားပါ။

အလွမ်းငွေ့တွေ
လေပြေတွေတောင် သယ်ဆောင်ခွင့်
……. မပေးခဲ့ဘူး
မောင်အသက် ရှူမ၀မှာ
တွေးပူတယ်

မိုးပဲသဲသဲ  နှင်းပဲဖွဲဖွဲ
ုမြူပဲဝေေ၀၊ အမြဲတစေ
တွေဝေနေတတ်ခဲ့သူပါ
တခါတရံသာ ရောက်လာတတ်ပေမယ့်
ကျမကတော့
အချိန်မှန် လွမ်းနေတတ်သူပါ ..
မောင် .. !

လွမ်းလှိုင်း

In: ကဗျာ Posted By: Date: Aug 2, 2010
Comment #1

အစ်မရဲ့အိမ်မက်ကိုပြန်ဆန်းစဉ်းကြည့်အုံး
သရဲတွေစီးနေလားမှမသိတာနော်……..အဟီး

commentinfo By: ayeayethi at Aug 3, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment