Professional Authors

သုံးရာသီ မမနှင်း

ကျွန်တော် မိုးတွေ ရွာနေတယ် မမနှင်း …

ရင်ဘတ်ထဲ နှင်းတွေ ဝေနေတယ် မမနှင်း …

ဦးဏှောက်ထဲ နေပူတာ အရမ်းကြဲတယ် မမနှင်း …

 

မမနှင်း …

ကို ချစ်တယ် ဆိုတဲ့အတိုင်း …

မမနှင်း ဆံဖျားမှာ ကျွန်တော့်ရင်အုပ်ကို ပန်ဆင်ခွင့်ပေးပါ …

 

ဟော … မမနှင်း …

ဟိုမှာ မိုးတွေ ရွာနေတယ် …

ရဲရဲလျှောက် မမနှင်း … ရဲရဲလျှောက် …

အနောက်ကနေ ကျွန်တော့်ဘ၀နဲ့ မမနှင်းကို …

ခပ်မို့မို့လေး မိုးပေးထားတယ် …

 

အဲ … ဗြုန်းစားကြီး နှင်းတွေ ကျလာပါလား …

ကျွန်တော့်လက်ကို ကိုင်ပြီး ထွက်သွားပါ မမနှင်း

ကျွန်တော့်ဘ၀ကို ခြုံပေးပါ့မယ် …

 

အိုဇုန်းလွှာကြောင့် …

မီးနဲ့ အဆေးခံရသလိုပဲနော် …

မမနှင်း …

ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေပါ မမနှင်းပိုင်တဲ့ ပျော်စရာဘ၀မှာ …

ကျွန်တော့် မမနှင်းအစား မီးနဲ့ အဆေးခံမယ် …

ခရမ်းလွန်ရောင်ခြည်တွေ လိမ်းချယ် လိုက်မယ် …

 

သုံးရာသီ မမနှင်း …

ကျွန်တော် ပြာကျ ပြုံးရွှင် ငိုယိုနေတယ် …

 

ဝန်ခံချက် = မီး နဲ့ ဆေး ဆိုတဲ့ စကားလုံးကို ကဗျာဆရာဟိန်းလတ်ဇော်ဆီက ယူထားပါတယ် …

In: ကဗျာ Posted By: Date: Jan 13, 2011
Comment #1

မမနှင်း …မမနှင်းးးးး

commentinfo By: chityellusoelay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment