Professional Authors

သုံးရာသီ အလွမ်း

    ချစ်သူရေ….
    နွေဦးရွက်ကြွေ၊ လေရူးဝေ့သော်
    ရင်မှာလေ နွမ်း၊ မင်းကိုလွမ်း၏။
    မိုးစက်လည်းကျ၊ မုတ်သုံစသော်
    ရင်မှာလေ တမ်း၊ မင်းကိုလွမ်း၏။
    ဆောင်းနှင်းစက်ကြွေ၊ နှင်းပန်းဝေသော်
    ရင်မှာလေ ချမ်း၊ မင်းကိုလွမ်း၏။
    နှစ်ဟောင်းလည်းကုန်၊ နှစ်သစ်ဆုံသော်
    ငါ့မှာလေ လန်း၊ မင်းကိုလွမ်း၏။
    ချစ်သူရေ………………..
    ရာသီချိန်ပြောင်း၊ နှစ်တွေလည်း ဟောင်း
    သတိရစိတ် တမ်းတမိလျက်
    ချိန်ခါပြောင်းလည်း
    မျှော်လင့်လျှက်ပါ ချစ်သူရယ်….

ရေးသားသူ – မနောဖြူလေး

In: ကဗျာ Posted By: Date: Aug 16, 2011
Comment #1

အားပေးသွားပါသည်

Comment #2

excellent.

really nice to feel.

commentinfo By: ei lay at Aug 16, 2011
Comment #3

မနောဖြူလေးရေ ..လူဆိုးအားပေးသွားတယ်နော် .. 🙂

commentinfo By: chityellusoelay at Aug 16, 2011
Comment #4

အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။ နောက်လည်း အားပေးနော်

commentinfo By: မနောဖြူလေး at May 16, 2013
Comment #5

🙂

commentinfo By: ei lay at May 16, 2013
Comment #6

မနားစတမ်း… လွမ်းခန်းကြီးကိုကြည့်ရုံနဲ့ ရင်မခုန်တတ်ခဲ့တဲ့သူတောင် ဘာကိုလွမ်းရမှန်း မသိ ဖြစ်သွားတယ်

commentinfo By: Naing Linn at May 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment