Professional Authors

ဘဝရထားပေါ်က ဆည်းဆာအလွမ်း

နေရာချင်းလည်း မသိခဲ့ကြဘူး
အတူဆုံဖို့လည်း မရည်ရွယ်ခဲ့ဘူး
လက်မှတ်ချင်းလည်း အဝယ်မတူခဲ့ဘူး
ခရီးအတူသွားဖို့လည်း မတိုင်ပင်ခဲ့ဘူး
လိပ်စာမသိ ဖိတ်စာမရှိနဲ့
ခရီးတစ်ခုကို ထွက်ဖို့
ရထားတစ်စီးဆီ ကိုယ်ဆီ ရောက်ခဲ့တယ်
ကိုယ်ဆီ လက်မှတ်နဲ့ ခုံနံပါတ်တွေဆီ
ဝင်ရောက်လာခဲ့ မရည်ရွယ်တဲ့
ခုံတန်းရှည်မှာ ခရီးသွားနှစ်ဦး ဆုံစည်းခဲ့ပြီး
ဘဝရထားကလည်း စတင်ခုတ်မောင်းလို့
မရည်ရွယ်သူ နှစ်ဦးကလည်း ခရီးစတင်ထွက်ခဲ့တော့

ဘူတာတစ်ခုရောက်တိုင်း ခင်မင်မှုတွေတိုးလို့
ကူညီရိုင်းပင်စိတ်တွေနဲ့ တယောက်နဲ့တယောက်
နားလည်မှုတွေယူရင်း အဆင့်တစ်ခုသို့ရောက်ခဲ့
ဘူတာတွေ ဖြတ်သန်းတာ များလာတော့
သူတို့နှစ်ဦးရဲ့ ခရီးသွားမှတ်တမ်းက
ခိုင်မာမှု သက်သေတွေ ပြသရင်း
၂၃ ဒီဂရီ စောင်းသွားတဲ့ ကမ္ဘာမြေပြင်ပေါ်မှာ
သူတို့ချစ်ခြင်းတွေ အထင်ကရဖြစ်လို့
ချစ်သက်သေတွေ ဘဝရထားထဲက
ညနေ ဆည်းဆာအောက်မှာ သမိုင်းတင်ခဲ့ပြီ….။

လိုအပ်ရာ ပန်းတိုင်သို့ ဘဝရထားကြီး
ပုံမှန်ခုတ်မောင်းရင်း ခရီးဆက်လာတဲ့
ခရီးသွားတွေထဲ ကံကြမ္မာမျက်နှာသာပေးလို့
တစ်ခုံတည်း အတူတူခရီးဆက်ခဲ့တဲ့
ခရီးသွားနှစ်ဦးရဲ့ သူစိမ်းဆန်နှလုံးသားက
ရင်းနှီးမှုတွေ စတင်လို့
ခင်မင်ခြင်းက ကြင်နာခဲ့ကြ
မညီမျှတဲ့ အပေးအယူ
ထိုင်ခုံတစ်ခုအတွက် နားလည်မှုတွေ
ကိုယ်ဆီယူရင်း တာဝန်တွေလည်း ထမ်းဆောင်လို့
ထမင်းချိန် ထမင်း
အိပ်ချိန် အိပ်
နိုးကြားချိန် နိုးကြားလို့
ဘဝရထားလေးထဲ သူတို့ ပျော်ရွှင်ခဲ့ကြပြီ….။

ပျော်ရွှင်တွေက အဆုံးမသတ်သေးခင်
ပတ်ဝန်းကျင် လေစိမ်းတွေက
တခါတရံ တိုက်ခိုက်ကြလို့
အေးခဲမှုက ဝန်တိုမှုတွေ
မနာလိုမှုတွေ နောက်ပြောင်မှုတွေ
လှောင်ရယ်သံတွေ ယှဉ်ပြိုင်မှုတွေ
ချစ်သဒ္ဓါပိုလို့ အသည်းက အထိနာစကားတွေ
ရန်လိုစကားတွေ တိုက်ခိုက်လို့
ကတိသစ္စာတွေ သက်သေထားရင်း
စာချုပ်တစ်ခုရဲ့ အပေါ်မှာ
လက်မှတ်တွေ ရေးထိုးခဲ့ကြ
အမည်မသိတဲ့ မှတ်တိုင်တစ်ခုရဲ့
ဘူတာကို ဆိုက်ရောက်လို့
ခေတ္တနားခိုရင်း အမည်မဲ့ ဒေါသက
ဘဝရထားပေါ် ရန်မူကြလို့
သူတို့နှစ်ဦး စိတ်ကောက်ကြရင်း
နှစ်ဆယ်ရာစု သက္ကရာဇ်တွေ ပြိုလဲခဲ့
မနက်ဖြန် ရောက်ရှိလာတဲ့
နှစ်ဆဲ့တစ် ရာစုနှစ်အတွင်း
ငါ့ + မင်းတို့ရဲ့ ချစ်ခြင်းတွေ ရပ်ဆိုင်းခဲ့
အဲဒီနေ့ရက်က မင်းနဲ့ ငါတို့ရဲ့
ခရီးအဆုံး ဘူတာကို ဆိုက်ရောက်လို့
လမ်းခွဲခြင်း အလွမ်းနိဂုံးရဲ့
အိမ်ပြန်လမ်း ခရီးတစ်ခု ဖြစ်ခဲ့ပြီ…..။

ဘဝရထားတစ်စီးရဲ့ ခရီးအစနဲ့ ခရီးအဆုံးတွေက
ချစ်ခြင်း မုန်းခြင်း နှစ်တန်ခြားနား
ပဝါပါး တစ်ရွာသားကို မေတ္တာထားရင်း
မှတ်တိုင်မဲ့တဲ့ ချစ်သဒ္ဓါတွေဖြစ်ခဲ့
အဲဒီအခိုက်တန့် သူတို့နှစ်ဦးရဲ့
ပျော်ရွှင်ခြင်းတွေနဲ့ ခရီးဆက်ခဲ့ရင်း
မမျှော်လင့်ခဲ့တဲ့ နေ့ရက်တွေမှာ
မဟူရာ ညအမှောင် ကြီးစိုး မင်းမူခဲ့
နားလည်မှုတွေလည်း လွဲမှားကြရင်း
ကြေကွဲခြင်း လွမ်းဆွတ်ခြင်းတွေဖြစ်လို့
ခရီးအဆုံးမှာ လမ်းခွဲခြင်းနဲ့ အိမ်ပြန်ခဲ့ပြီလေ….။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Dec 19, 2011
Comment #1

ဘဝရထားတစ်စီးရဲ့ ခရီးအစနဲ့ ခရီးအဆုံးတွေက
ချစ်ခြင်း မုန်းခြင်း နှစ်တန်ခြားနား
ပဝါပါး တစ်ရွာသားကို မေတ္တာထားရင်း
မှတ်တိုင်မဲ့တဲ့ ချစ်သဒ္ဓါတွေဖြစ်ခဲ့
အဲဒီအခိုက်တန့် သူတို့နှစ်ဦးရဲ့
ပျော်ရွှင်ခြင်းတွေနဲ့ ခရီးဆက်ခဲ့ရင်း
မမျှော်လင့်ခဲ့တဲ့ နေ့ရက်တွေမှာ
မဟူရာ ညအမှောင် ကြီးစိုး မင်းမူခဲ့
နားလည်မှုတွေလည်း လွဲမှားကြရင်း
ကြေကွဲခြင်း လွမ်းဆွတ်ခြင်းတွေဖြစ်လို့
ခရီးအဆုံးမှာ လမ်းခွဲခြင်းနဲ့ အိမ်ပြန်ခဲ့ပြီလေ….။

အရမ်းကောင်းတယ်ဗျာ။။။။။လေးစားပါရဲ့အကိုရေ

commentinfo By: yaewintaung at Dec 19, 2011
Comment #2

ညီလေးရေ….. အစ်ကို ဆက်လက်ကြိုးစားနေဆဲပါ…..
အခုလို အားပေးမှုတွေကို အထူးကျေးဇူးတင်သလို အမှတ်တရ စာအုပ်လေးထဲမှာ သိမ်းထားတယ်..
ညီလေးဟာ အစ်ကိုအတွက် အားဆေးတစ်ခွက်ဖြစ်လို့ပါ….

ခင်မင်စွာဖြင့်

တက္ကသိုလ်မြတ်မင်း

Leave Comments

Name*

Email*
Website
Email me whenever there is new comment