Professional Authors

နောက်ဆုံး

ရင်မှာငိုသံများရယ်
အခြားဖက်မှာတော့
မာနတွေ ပျော်ဝင်နေတဲ့
အေးစက်စက် ရယ်သံလွင်လွင်များရယ်နဲ့ပေါ့
သူ့ရင်မှာလည်း
ကျွန်မလို မျက်ရည်တွေစိုစွတ်နေမလားလို့
တွေးရလေတိုင်း
သံသယဆိုတဲ့တံတိုင်းတွေက
ကျွန်မတို့ကြားမှာ ပိုလို့ဝေးကွာစေခဲ့ပါတယ်
ဂုဏ်ဒြပ်တွေနဲ့ဝန်းရံထားတဲ့ ဘ၀တစ်ခုရယ်
မနက်ဖြန်တိုင်းကိုရင်မောစွာနဲ့ဖြတ်သန်းနေရတဲ့ ဘ၀တစ်ခုရယ်
သူတို့နှစ်ဦးရဲ့ မေတ္တာတံတားလေးဟာလည်း
မာနရှင် အသိုင်းအ၀ိုင်းတွေကြားရဲ့ကြားမှာ
ပြားပြားဝပ်ခဲ့ရပြီလေ
အရာရာကိုလွန်ဆန်နိုင်ခွင့်မရှိတဲ့ ဘ၀တွေမှာ
နောက်ဆုံး
ကျွန်မပိုင်ဆိုင်ခဲ့ရတဲ့ အရာလေးကတော့
လက်ထပ်ဖိတ်စာလေးတစ်စောင်ပေါ့ရှင်
အချစ်ဦးရဲ့မင်္ဂလာပွဲမှာ
ကျွန်မရဲ့မာနကို စတေးလို့
ရင်ကွဲလုမတတ် ဝေဒနာတွေကိုမြိုသိပ်ရင်း
ခပ်ရဲ့ရဲ့သာကျန်တော့တဲ့ အင်အားအချို့နဲ့
အလှပဆုံးပြုံးပြီး နောက်ဆုံးအနေနဲ့
နှုတ်ဆတ်ခဲ့ပါတယ်ရှင်
သူမသိနိုင်တော့ပေမယ့်
ကျွန်မနှစ်သက်ခဲ့တဲ့မျက်ဝန်းတွေကို
ကျွန်မဘ၀ရဲ့တစ်နေရာမှာ သေချာစွာမြှုတ်နှံရင်း
အချစ်ဦးရဲ့အဝေဆုံးကို
ကျွန်မတစ်ယောက် လျှောက်နေခဲ့မိပါပြီ်။  ။

In: ကဗျာ Posted By: Date: Sep 11, 2010
Comment #1

**အချစ်ဦးရဲ့အဝေဆုံးကို
ကျွန်မတစ်ယောက် လျှောက်နေခဲ့မိပါပြီ်။ ။**

ငွေကြယ်စိန်မှုံမှန်လေးများ ဖြန့်ကြဲထားတဲ့ ကောင်းကင်ကြီးက
မဝေးတော့တဲ့ အချန်လေးမှာ မင်းကို
အသေအချာ စောင့်ကြိုနေပါလိမ့်မယ်…
မြင်အောင် ကြည့်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်..ရိပ်ဖြာ..။

commentinfo By: sorrower.kl at Sep 11, 2010
Comment #2

ကျေးဇူးတင်ပါတယ်

commentinfo By: yaephyar at May 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment