Professional Authors

ဆည်းဆာအလှ

ကောင်းကင်ကို
တံတားထိုး
ကြားသားမိုးကြိုး
ချစ်မိတာတကယ်ပါ
ရင်ဘက်ကိုဖွင့်ပြ
သက်သေပြမိချေရဲ့
တဒုတ်ဒုတ်နဲ့ခုန်နေတဲ့
နှလုံးသား
ကြာကြာနားထောင်ကြည့်မှ
သူမနာမည်ကို
တီးတိုးနေတာပဲ
ချစ်တာနော် ချစ်သူ
အပြစ်မယူတဲ့ စကားတစ်ခွန်း
လူတိုင်းပြောသလိုပြောပရစေ
လှချင်မှလှမယ်
ကဗျာဆန်ချင်မှ ဆန်မယ်
ဒါပေမယ့်
ရင်ဘက် ထဲက လာတာသေချာတယ်
ဘာလို့လည်းဆိုတော့
နှလုံးသားတွေပေနေတယ်လေ……….
ညဘက်လေ အိပ်မက်ထဲကို လာပါ….ချစ်သူ
မင်းအတွက် ပေါ့
ခပ်လှလှ နန်းတော် တစ်ခု
ငါ့ရင်ဘက်ထဲ မှာ အမြဲရှိလေရဲ့
ရော့ဒါကသော့ ဒါကသေတ္တာ
ဖွင့်ကြည့်လေ
နှလုံးသားတစ်ခုရယ်
ငါ့ရဲ့ ဘ၀စာမျက်နှာ
မင်းပိုင်တယ်
မင်းလိုသလိုသုံးနိုင်တယ်
တစ်ခုပဲ ခွင့်ပြုပေး
မင်းအနားမှာလေ
မင်းရဲ့ဆံနွယ်လေးတွေ
မင်းရဲ့အပြုံးလေးတွေကို
ညနေဆည်းဆာတိုင်း ထိုင်ကြည့်ခွင့်လေးပါ ချစ်ရသူ………။

In: ကဗျာ Posted By: Date: Nov 18, 2012
Comment #1

Wow…
Daw daw sa kar tat de.
Talkie tway a yann ko po kaung lar p.
“Ko Moe g” Ye “gf” dot ti bu..
Ei dot yin khone twar de..
😛

commentinfo By: ei lay at Nov 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment