Professional Authors

အနာဂတ်အတိတ် (နှင်းဆီဆူး)

ရော့ ချစ်သူ
ဟောဒီပခုံးကို
လက်ကိုင်ပဝါလိုသုံးပြီး
ပူဆွေးခြင်းတွေ ကို
သုတ်ချလိုက်
ပြီးရင်ငါ့ကိုပြန်ပေး
ငါလျှော်ပြီးသိမ်းထားပေးမယ်…
မင်းစိတ်ညစ်တဲ့အချိန်တိုင်းအတွက်။

မဖိတ်ခေါ်ပါပဲနဲ့
မနှင်ရပါပဲနဲ့
ဝင်လာ ထွက်သွား
ဟုတ်ပါတယ်…ငါဟာမင်းအတွက်တံခါးပါ…။
စိတ်ပုတ်တာတော့မဟုတ်ရပါဘူး
ဖြစ်နိုင်မယ်ဆိုရင်ပေါ့
မင်းမထွက်သွားရလေအောင်
တံခါးတွေ လုံအောင်သော့ခတ်ထားမှ
ဒါပေမယ့်
သော့ကိုသူကဖွက်ဖွက်သွားတယ်။

လာနား(ခို)လိုက် ပြန်သွားလိုက်နဲ့
ငါ့ရင်ဘတ်က ဟိုတယ်ကြီးကိုဖြစ်လို့
အခကြေးအဖြစ်
အလွမ်းအဆွေးတွေကိုချန်ချန်သွားတတ်သေး
ရက်စက်ခြင်းတွေကိုတော့ tip အဖြစ်မပေးသွားပါနဲ့
ဟောဒီ နှလုံးသားဝန်ထမ်းကြီးကို
ခံနိုင်ရည်ရှိဖို့
ပညာတော်သင်မလွှတ်ရသေးလို့ပါ။

အခုတလော
သူ့နောက်ကျောပဲ မြင်ပါများလာပြီ…။
သက်ပြင်းလေးနဲ့
ခပ်ဆွေးဆွေးငေးရင်း
အမြင်အာရုံတွေဝါးလားတယ်
ဟော ဒီမှာရေစက်လေးတစ်စက်
မိုးတွေရွာနေတာတော့ မဟုတ်လောက်ဘူး
ဒါဆိုမျက်ရည်စက်ပေါ့
အသက်ရူရတာကျဉ်းကျပ်တယ်။

မွေးကတည်းကလည်း
ဒီလက်ပါပဲ
မင်းဖြုတ်ချမယ်ဆိုမှပဲ
ရက်ရက်စက်စက်
အကျည်းတန်စွာနဲ့
ငါမှန်ရှေ့မှာ ရပ်ပြီး
အားငယ်ခြင်းအတွက်
ငါ့ကိုငါပဲ
အမျက်တွေထွက်ရတယ်။

အေးချမ်းမှုတွေပေးနိုင်တယ်တဲ့
မင်းနှုတ်ခမ်းက ဟစ်ကြွေးခဲ့တာလေ
မင်းစိတ်ညစ်တိုင်းခိုနားနေကျ
ငါသစ်ပင်ကြီးဆီ
မင်းခြေလှမ်းတွေ
ဦးမတည်တော့တာကြာပြီနော်
ဒါ…မင်းပျော်နေလို့ပဲဖြစ်ပါစေ…။
အရိပ်ပေးနေကျ
သစ်ရွက်တွေအနံ့က
ညှီနံ့ထွက်တယ်တဲ့
ပြောပစ်လိုက်စမ်းပါ
ငါဟာမင်းအတွက်
အရှင်လက်လက်နဲ့ သေပေးဖို့
ကိုယ့်အသက်တောင်ကိုယ်
မနှမြောဘူး။

ဟေ့ ဟိုရှေ့က
နေကာမျက်မှန်ကြီးတစ်လက်နဲ့
ကန်းချင်ယောင်ဆောင်ပြီး
ငါ့ကိုဝင်ဝင်တိုက်တဲ့
အလွမ်းဆိုတဲ့ကောင်ရေ
ကားတိုက်လို့သေပါစေ။

အိ (နှင်းဆီဆူး)

In: ကဗျာ Posted By: Date: May 19, 2010
Comment #1

he,,,he,,,
really nice.
so cute.
so simple.
lots of love.
really perfect.

commentinfo By: ei lay at Nov 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment