Professional Authors

အရိပ်မည်း (နှင်းဆီဆူး)

အတိတ်တွေချွေချဖို့
ပစ္စုပ္ပုန် က
လောလောဆယ်တော့…မပွင့်သေးဘူး..

ဒါပေမယ့်…

အစမရှိတဲ့
ပုံပြင်တစ်ပုဒ်ဟာ
အဆုံးရှိစရာ မလိုအပ်သလို
ငါ့အတွက်မဟုတ်တဲ့
မင်းအတွက်
မင်းအတွက်ငါလဲ…မရှိစေရဘူး…

လိပ်ပြာလေးတွေ
အဆိပ်သင့်သေစေတဲ့
နှလုံးသား
ပန်းနုရောင် သံယောဇဉ်တွေကို
အစဉ်အလာမပျက်
ဆက်လက် … အလွဲသုံးစားလုပ်သွားပါ

တစ်နေ့နေ့တော့
အုံ့မှိုင်းနေတဲ့
ကောင်းကင်ကြီးမှာ
အရုဏ်ဦးတွေ
မင်းမရှိပဲလဲ
စိမ်းလန်းစိုပြေပါလိမ့်မယ်…

နှင်းဆီဆူး

In: ကဗျာ Posted By: Date: May 19, 2010
Comment #1

wow,,,
strong desire.

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment