Professional Authors

နှစ်သစ်ကူးအတွက် ဆေးတစ်ခွက် (နှင်းဆီဆူး)

ကောင်မလေးရေ..
အလွမ်းတွေနဲ့
ငါရင်တွေကျပ်နေတယ်
ဆေးတစ်ခွက်မဟုတ်ရင်
အဆိပ်တစ်ခွက်လောက်မြန်မြန် မစ
ဘဝကိုသုညကနေစမယ်။

သေချာရဲ့လားလို့
အိမ်နံပါတ်တောင်
ပြန်ထွက်ကြည့်လိုက်သေး
ထွက်လာတုန်းက
မင်းနှလုံးသားရှိတဲ့ဆီကိုပါ
ငါတိရိစ္ဆာန်ရုံများ…မှားဝင်မိသလား
မင်းဦးနှောက်ထဲမှာ
မျောက်တွေများတယ်ထင်ပါရဲ့။
ခုတစ်မျိုးတော်ကြာတစ်မျိုး
yes နဲ့ no ကိုဘော်လုံးလိုပုတ်တတ်တဲ့
အဲဒီ့ အချိုးတွေ
မင်းဘယ်တော့ရိုးမှာလဲ။

မင်းမကြားချင်တော့တဲ့
အချစ်စကားတွေကို
သော့ခတ် !
ငါ့ရင်ဘတ်ထဲ
သိမ်းထားမယ်
စိတ်ပါတဲ့ အခါဝင်လာခဲ့ပေါ့
ဟောဒီစာကြည့်တိုက်ကို…။

ခပ်ထန်ထန်မျက်ဝန်းတွေ
မင်းဘယ်တုန်းက
ကောက်စွတ်လိုက်တာလဲ
အမုန်းတွေအရောင်စွန်းတဲ့
အဲဒီလိုအပြုံးမျိုးမပြုံးပါနဲ့။

ခက်တော့ခက်နေပါပြီ
အချစ်ကိုနာမည်တပ်
ပျော်စေပျက်စေနဲ့
မင်းမို့လို့လုပ်ရက်တယ်
အိမ်မက်နန်းတော်ကို
မင်းဖျက်ခဲ့တာလေ
ငါ့အချစ်ကိုတော့
ဘောင်တွေမခတ်ပါနဲ့…။

ချစ်တယ်ချစ်တယ်နဲ့
မင်းပစ်ပယ်ခဲ့တာ…
ဟောဒီနှလုံးသားပေါ့
အမာရွတ်လေးတောင်ကျန်သေး
သတိရတိုင်းငါပြန်ငေးတယ်
ဝေးခဲ့ပြီပေါ့
ငါလည်းဆွေးမနေချင်ပါဘူး
တခါတရံတော့
အတွေးတွေနဲ့ဝေးနေချင်တယ်။

ဒီလိုပါပဲ…
နှစ်သစ်တွေကူးခဲ့။

ဒီလိုပါပဲ…
မင်းစိတ်နဲ့
ရူးမယ်။

နှင်းဆီဆူး

In: ကဗျာ Posted By: Date: May 19, 2010
Comment #1

ဒီလိုပါပဲ…
နှစ်သစ်တွေကူးခဲ့။
ဒီလိုပါပဲ…
မင်းစိတ်နဲ့
ရူးမယ်။

commentinfo By: chityellusoelay at Aug 19, 2011
Comment #2

inn lay.
hote pa,
chit de chit de ne,
hote le hote bu.
ne ne lay taung ga yu ma sike bu,
hint,,,
tay twar tar hma daw tay de.
a u pyit yin taung thu name ko pe ta ta nay ma lar ma ti par bu naw.
ha,,ha,,

commentinfo By: ei lay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment