Professional Authors

ဝဋ်


လေပြေလေး အရမ်းအခါမှာတောင်
ပရမ်းပတာ နာကျင်လွမ်းဆွတ်
အမှတ်တရဆိုလို့
တစ်ချိန်က မျက်ရည်စိုစွတ်ဖူးတဲ့
ပတ်ကြားအက် ရင်ခွင်အလွတ်တစ်ခုပဲရှိတယ်။

ရွက်ဝါတော့မဟုတ်ပါဘူး
ဒါပေမယ့်
ပြောင်းလဲမှု နေအဟပ်မှာ
ရုတ်တရက် ကြွေပြတ် လွင့်မျော
အချစ်ဆိုတာ
သံယောဇဉ် အရိပ်အခက်တွေနဲ့
နှလုံးသားတိုင်းကို အဆိပ်တက်စေတဲ့တော့ပဲ။

တိတ်တဆိတ်
ကြိတ်မှိတ်
နာနာကျင်ကျင် အိပ်ခဲ့ရတဲ့ ညတွေကိုပဲ
ငါ့ခမျာ
ဝဋ်နာ ကံနာတစ်ခုလို မြတ်နိုးကျေနပ်
ကြာတော့
ဒဏ်ရာမရှိရင် မနေတတ်တော့ဘူး။

In: ကဗျာ Posted By: Date: Dec 26, 2012
Comment #1

100% agree.
Wit lar?
A kyint phyit twar tar lar?
Koh kou ko bar hman ko ma ti dot bu.
😛

commentinfo By: ei lay at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment