Professional Authors

ရှိပါစေ

မဝေးလည်း
မနီးတဲ့နောက်
ငါ့ကိုပဲ ပျောက်ဆုံးစာရင်း သွင်းလိုက်ပါ..

ဘယ်လိုပဲမက်မက်
သုညကမတက်တဲ့အိပ်မက်
ရာသီရက်ရွေးလဲ
အလံကလဲတာပါပဲ…

ချစ်တယ်
နင်နဲ့ငါသိသလို
ကမ္ဘာအိုလည်းသိရဲ့
မျက်လှည့်ဝင်ဝင်ပြတဲ့
နတ်ဆိုးကို စိတ်မဆိုးတော့ပါဘူး

ကံကိုက
အရိပ်ထင်ပြမှတော့
မရှုံးပဲ လက်နက်ချ
တိမ်ပဲ့တစင်းနဲ့ ရာဟုထောင့်မှာ
ပက်သက်ခြင်းတွေချထားခဲ့…..

လွမ်းနေမယ်
သတိရနေမယ်
သို့ပေမယ့်
ငါ လေ
နောက်ထပ်ချစ်လောက်အောင်
မမိုက်တော့ဘူးကွယ်…

In: ကဗျာ Posted By: Date: Jun 1, 2012
Comment #1

inn ,,
d lo be lay,,
a chit so tar kha na tar yin khone de u tut chin 1 myo pe,
a chain kyar lar yin,,yoe twar yin,,pyin twar yin,, arr lone p twar tar par pe,
1500 a chit so tar ka kha na lay par be,
1500 ko 528 ne paung hma 1 tet lone khine hmar,

commentinfo By: ei lay at Jun 1, 2012
Comment #2

လွမ်းနေမယ်
သတိရနေမယ်
သို့ပေမယ့်
ငါ လေ
နောက်ထပ်ချစ်လောက်အောင်
မမိုက်တော့ဘူးကွယ်…

commentinfo By: ရနံ့ at Jun 1, 2012
Comment #3

မဝေးလည်း
မနီးတဲ့နောက်
ငါ့ကိုပဲ ပျောက်ဆုံးစာရင်း သွင်းလိုက်ပါ.. ..

မိုက်တယ် … ကြိုက်တယ် …

commentinfo By: ငယ် at Jun 1, 2012
Comment #4

မဝေးလည်း
မနီးတဲ့နောက်
ငါ့ကိုပဲ ပျောက်ဆုံးစာရင်း သွင်းလိုက်ပါ

commentinfo By: La Yeik Cho at Jun 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment