Professional Authors

မြင့်မြတ်အိနြေ္ဒကို…ဖတ်ဖို့


သမီးရေ…
လာကွယ်…မေမေ့အနားကိုတိုး
တိမ်ညို တိမ်မည်းတွေ အရိပ်မထိုးဖို့
လမင်းကို ထီလုပ်မိုးပေးမယ်။

ဟောဟိုမှာကြည့်
ပြာအိကြည်လင်နေတဲ့ ကောင်းကင်
အဲ့ဒါ သမီးလေးဆော့ဖို့ မေမေ့ရင်ခွင်
လွပ်လပ်စွာပျော်ရွင်ပါကွယ်။

သမီးရေ…
တခစ်ခစ်နဲ့ ရယ်မောချင်သေးလား
လာ..မေမေ့ပခုံးသားကိုဖက်
ဟိုး မိုးတိမ်အထက်က
ကြယ်ရောင်လက်လက်လေးတွေ ခူးကြမယ်နော်။

သမီးရေ…
ဒီမှာကြည့်ကွယ့်
တေးသီနေတဲ့ ငှက်ကလေးတွေ
သူတို့အတောင်ကို သူတို့ခတ်
ကောင်းကင်မှာမတ်တတ်ရပ်နေကြတယ်။

သမီးလည်း မှတ်ထားနော်
လောကလမ်းပေါ် လျှောက်တဲ့အခါ
သမီးဘ၀မှာ သမီးသခင်
သမီးလေးသာ ဘ၀ရဲ့ အရှင်။

သမီးလေးရေ သတိထား
ငှက်ခတ်သမားဆိုတာ
မာယာလည်းကြွယ်
ပရိယာယ်လည်းများ
အရောင်အမျိုးမျိုးနဲ့ လှည့်စားတတ်တယ်။

သမီးရေ
အကောင်း အဆိုးနဲ့
အကြောင်း အကျိုးဖောက်ပြန်
ဘ၀ရဲ့ လောကဓံဆိုတာကလည်း
သမီးလေး ပန်ရမယ့်ပန်းပါပဲ။

သမီးရေ…
အရှုံးကိုကြောက်လို့တော့
သမီးခြေထောက်တွေ နောက်မခေါက်နဲ့နော်။
ရော့!ဒီမှာ…
မေမေ့ရဲ့လက်ကိုတွဲ
လောကကြီးထဲ အတူတူလျှောက်
ဘယ်လိုလောကဓံကိုမှ မကြောက်ကြေး။
(တူမလေး မြင့်မြတ်အိနြေ္ဒကို……….သို့ ရည်ညွှန်းပါသည်)

In: ကဗျာ Posted By: Date: Dec 26, 2012
Comment #1

Nice

commentinfo By: ei lay at Dec 27, 2012
Comment #2

Please let me share and thanks….

commentinfo By: min at May 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment