သိစေချင်ရုံသက်သက်……
ရယ်သံလေးကို လွမ်းတယ် အကြင်နာအနမ်းတွေကို မှန်းဆနေတယ်
အရင်တစ်ခါက နေ့ရက်တွေထဲ
စကားသံတွေ ထပ်တလဲလဲကြား
အယူအဆတော့ မမှားပါနဲ့
ကို့ကို ချစ်ရဖို့ပဲ သိတဲ့ လူမို့ပါ…..။
မျက်ခုံးထူထူလေးကို လွမ်းတယ်….ထွေးဖက်ထားတတ်တဲ့ လက်တစ်စုံနဲ့ ရင်ခွင်ကျယ်ကျယ်ကို တမ်းတနေတယ်
သိပ်ပျော်ခွင့်ရခဲ့တဲ့ အခါလွန်ရာသီတွေထဲ
အတွေးတွေလွင့်တိုင်း အလည်ရောက်ရှိခဲ့….
မလှောင်ရယ်ပါနဲ့
ကို့အတွက်ဆို ရင်ခုန်နေရဖို့ပဲ သိတဲ့လူမို့ပါ….။
တစိမ့်စိမ့်ကြည့်ခွင့်ရခဲ့တဲ့ မျက်နှာလေးကိုလွမ်းတယ်…..မှီးမှေးဖူးခဲ့တဲ့ ပုခုံးလေးကို သတိရနေတယ်
အတိုင်းအဆမဲ့ ကြည်နူးစရာကောင်းခဲ့တဲ့ အတိတ်ထဲသို့
အားလပ်ချိန်တွေတိုင်း အစဉ်အမြဲခိုနား
မေ့လို့လည်း မထားခဲ့ပါနဲ့
ကို့အကြောင်းတွေနဲ့သာ…..အချိန်တွေဖြုန်းဖို့ သိတဲ့လူမို့ပါ…..။
Comment #2
မကေ…ဘာပြောရမှန်တောင်မသိတော့ဘူး။
မကေ ကတော့ သိစေချင်တယ်ဆိုပေမယ့်…ကျွန်တော်ကတော့ မသိစေချင်ဘူး..မကေ။
ကဗျာလေးကို နှစ်သက်ခံစားအားပေးသွားပါတယ်။
By: poem.poem28 at Dec 16, 2011
Comment #3
ကဗျာလေးကအရမ်းနူးညံ့တယ်…ကေ .. အမဆိုလဲသိစေချင်မှာပဲ .. 😉
By: ရွှေငါး at Dec 16, 2011
Comment #4
thu myar tway yee sar htar tar yin khone sa yar g,,,he,,he,,
ei lay ye thu ka dot yae ke tone g,,,,he,,he,,
koh kou lone wa a phyu yaung a sit ne chit tar ko ti lar lay po p tan phoe htar mi de,,thu ko kyay zu le tin de,
thu 1 yout de a twat saunt htane ke de tit sar tway,a chain tway tan phoe po tet lar de.he,,he,,
By: ei lay at Dec 16, 2011
Comment #5
ရယ်သံလေးကို လွမ်းတယ် အကြင်နာအနမ်းတွေကို မှန်းဆနေတယ်
အရင်တစ်ခါက နေ့ရက်တွေထဲ
စကားသံတွေ ထပ်တလဲလဲကြား
အယူအဆတော့ မမှားပါနဲ့
ကို့ကို ချစ်ရဖို့ပဲ သိတဲ့ လူမို့ပါ…..။
By: May Kha at Dec 16, 2011
Comment #6
မကေသရီ ကဗျာက အရမ်းကောင်းပါတယ်…
ခံစားအားပေးသွားပါတယ်နော်..
By: မေမုန်းလေး at Dec 16, 2011
Comment #7
“….ထွေးဖက်ထားတတ်တဲ့ လက်တစ်စုံနဲ့ ရင်ခွင်ကျယ်ကျယ်ကို တမ်းတနေတယ်
သိပ်ပျော်ခွင့်ရခဲ့တဲ့ အခါလွန်ရာသီတွေထဲ
အတွေးတွေလွင့်တိုင်း အလည်ရောက်ရှိခဲ့….”
“…..မှီးမှေးဖူးခဲ့တဲ့ ပုခုံးလေးကို သတိရနေတယ်
အတိုင်းအဆမဲ့ ကြည်နူးစရာကောင်းခဲ့တဲ့ အတိတ်ထဲသို့…….”
By: kyi kyi at Jan 30, 2012
Comment #8
Read again par
By: ei lay at Jun 27, 2012




Comment #1
he,,he,,
yin khone sa yar g naw,,,,
for me,,,these r only dream.
ha,,ha,,