Professional Authors

ဒါ သက်သေတွေပဲ….။

နင့်ကို ငါ ဘယ်လောက်ထိချစ်ခဲ့လဲ ဆိုတာ
နင် သိတဲ့ ငါ့ တခြားကလောင်နာမည်နဲ့
ရေးထားတဲ့ကဗျာတွေက သက်သေပဲ…။

နင့်ကို ငါ ဘယ်အထိ ရည်ရွယ်ခဲ့လဲဆိုတာ
နင် နဲ့ ဝေးခဲ့တဲ့အချိန်တွေထဲက
ငါ့ရင်ခုန်သံတွေက သက်သေပဲ….။

ငါပေးဆပ်ထားတဲ့ အလွမ်းကိုမှ
မတူမတန်မနှိုင်းနဲ့
နင့်ဘေးနားမှာ ငါ ရှိမနေအောင်
နင်က ငါ့အဝေး ထွက်ပြေးခဲ့တာကို
သတိရတယ်….လွမ်းတယ်……စာတွေ သီချင်းတွေ ပို့ရုံ
လူကြုံလက်ဆောင်ပါးရုံ…
ငါ သစ္စာတွေလည်းရှိခဲ့တယ်….
ဒီ့အတွက် စစ်မှန်ခဲ့ဖူးသော မေတ္တာက သက်သေပဲ…။

နင်က တစ်ကိုယ်တည်းပါ….
ကြင်သူမဲ့စွာနဲ့ဆိုပြီး…..လူသိရှင်ကြား ကြွေးကြော်နေတဲ့အချိန်
နင်သိပ်ချစ်ပါတယ်လို့……ပြောခဲ့ဖူးတဲ့ငါကတော့
နင်မှနင် ဦးတည်
ချစ်နိုင်သမျှ သိပ်ချစ်ပြရင်း…….
ခံစားချက်ပေါင်းများစွာနဲ့ ငိုကြွေးနေခဲ့ရဖူးတာ
 မျက်ရည်တွေက သက်သေပဲ…။

နင့်ကို ငါ ချစ်နေရက်နဲ့လည်း
စိတ်နာနေတတ်တယ်ဆိုတာ
ငါ့ Gtalk က အမြဲ offline ဖြစ်နေတတ်တာ သက်သေပဲ….။

နင့်ကိုငါ ချစ်နေချင်ရက်နဲ့
နင် ရက်စက်သမျှ မှတ်မိနေတတ်တယ်ဆိုတာ
နင့်ကိုယ်ပိုင် ကဏ္ဍတချို့တစ်ဝက်မှာ ငါ မပါဝင်တော့တာ သက်သေပဲ…။

နင်ပေးတဲ့ တစ်ဖတ်စောင်းနင်း နားလည်မှုသဘောတွေကို
နင့် အသွင် နင့်သတင်းတွေကြားသိရမှ
ဖြစ်စဉ်အားလုံးမှာ ငါကိုက ငတုံးငအဆိုတာ
နင့် Custom Message တချို့က သက်သေပဲ…။

နင် ငါ့ကို မလွမ်းချင်တော့တဲ့အခါ
ငါ့ သတိရမှုတွေဖြေသိမ့်နိုင်ဖို့
နင် ပြုလုပ်ခဲ့တဲ့ မှတ်သားစရာတွေနဲ့
နင့်ကို တစိမ့်တစိမ့် တစိမ်းလို သတ်မှတ်နိုင်ပြီဆိုတာ….
ငါ့အခု လုပ်ရပ်တွေအားလုံးက သက်သေပါပဲ…..။

အလွမ်း(ကေသရီ)

In: ကဗျာ Posted By: Date: Oct 8, 2011
Comment #1

အဲ့ဒီ တစ်ယောက်က တကယ် တစိမ်း ဖြစ်ပြီပေါ့…!!

commentinfo By: SoFarAwayFromU at Oct 8, 2011
Comment #2

နင် ငါ့ကို မလွမ်းချင်တော့တဲ့အခါ
ငါ့ သတိရမှုတွေဖြေသိမ့်နိုင်ဖို့
နင် ပြုလုပ်ခဲ့တဲ့ မှတ်သားစရာတွေနဲ့
နင့်ကို တစိမ့်တစိမ့် တစိမ်းလို သတ်မှတ်နိုင်ပြီဆိုတာ….
ငါ့အခု လုပ်ရပ်တွေအားလုံးက သက်သေပါပဲ…..။

Comment #3

တော်တော်လေးတင်းနေတယ်ထင်တယ်
ဒါပေမဲ့ကဗျာကမိုက်ပါတယ်ခံစားချက်အပြည့်ပဲ

commentinfo By: arkar at Oct 9, 2011
Comment #4

အိုးးးးးးးးမကေ…တကယ်ချည်းလားဗျ။
မခံစားနိုင်တော့ဘူးထင်တယ်နော်။ငါ့အမလည်း…
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 12, 2011
Comment #5

ha,,,ha,,
so funny,,,
lat tway kya kya ko pine sine hmu ya nay tar ko ma yone kyi pe sate ku yin p sate soe nay tar ko
he,,he,,,so childish.
lat shi koh lat hte ko paing paing naing naing yout nay tar tway ko dot lit lu shu pyit like de.
a htin ma lwe par ne.
tay char sin sar pay par ong.
ma tu ma tan loh ma sut swe par ne.
nin htet po p chit loh a khu hti nin 1 yout de tit sar shi swar saunt nay de thu par.
nout sone 1 khu htet p kyay nyar like me.
nin myat yae kya de so tar ngar nin ko lwan loh ngo de 1 nae sar myat yae ko taung hme hmar ma hote bu.
nin ko tat tay pya par so yin ngar khan sar nay ya de yaw gar tway ka tat tay be.

commentinfo By: ei lay at Oct 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment