Professional Authors

ဗိုင်းရပ်စ်နစ်ဆင် – နရီထက်

လေလေချင်း သယ်ဆောင်လာတဲ့ လူ့ဒြပ်တွေက
ရက်တစ်ပတ်တာ ကွယ်ပျောက်သွားမဲ့ ဗိုင်းရပ်စ်တစ်ခု
လူအခြေချ နေထိုင်မှုမှာ သူရဲကောင်းတွေက
စီးမျောဖေါက်ထွက်သွားလာနေတဲ့ ဗိုင်းရပ်စ်တစ်ခု
မြို့ပြအရိပ်အောက်မှာ တိုးတက်မှုက
ဆွဲဆောင်တပ်မက်မှုများနှင့် ချဉ်းကပ်ပြေးထွက်သွားလာနေတဲ့ ဗိုင်းရပ်စ်တစ်ခု
သူလျှိုစနစ်နှင့် အနိုင်လုပွဲတွေက
စစ်ပွဲပြီးစ တပ်ပျက်များထဲက စစ်အေးဗျူဟာဗိုင်းရပ်စ်တစ်ခု
ငြိယူ ဆွဲယူ ပြောယူကြတဲ့ လူ့နီတိတွေက
အဆင်မပြေတဲ့အခါ ပွဲရှိန်မီးစ ဗိုင်းရပ်စ်တစ်ခု
လုံခြုံမှုတွေက ဖြိုခွင်းဖောက်ထွက်လာတဲ့ သစ္စာဖောက်မှုတွေက
ဆာလောင်ငတ်မွတ် စိတ်ရူးစေရိုင်း ဗိုင်းရပ်စ်တစ်ခု
ခမ်းနာမှုတွေ ထည်ဝါမှုတွေ သွေးခွဲမှုတွေက
နိမ့်ချစေပါးခြင်းကို အပြီးလက်သပ်မွေးမယ့် ဗိုင်းရပ်စ်တစ်ခု
ဆုံးဖြတ်ချက်တွေ မနိုင်တဲ့အခါ အဌားဦးနှောက်တွေက
ဆရာများသားသေ ချေမွပျက်စီးသွားနိုင်တဲ့ ဗိုင်းရပ်စ်တစ်ခု
လူဖြစ်ရကျိုးနပ်အောင် လေ့လာသင်ယူရင်းနှင့်
မြှင့်တင်လိုက်တဲ့ ကိန်းဂဏာန်းတွေက အမြင်စွမ်းအားမရှိတဲ့ ဗိုင်းရပ်စ်တစ်ခု
ခဏတာ ငြိမ်ကျသွားတဲ့ခိုက်
မြေကြီးက နင်က လွဲလို့ ဘာမှ သယ်ခွင့် မပေးတဲ့အခါ
နင် ခေါင်းမာ မနေပဲ ငြိမ်ငြိမ်လေး ကြားနာခွင့်ယူမယ့် ဗိုင်းရပ်စ်တစ်ခု… ။     ။

နရီထက်
( ၁၅ ၊ ဒီဇင်ဘာလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Dec 15, 2011
Comment #1

အရမ်းအားပေးသွားပါတယ်နော်……

commentinfo By: May Kha at Dec 15, 2011
Comment #2

ခမ်းနာမှုတွေ ထည်ဝါမှုတွေ သွေးခွဲမှုတွေက
နိမ့်ချစေပါးခြင်းကို အပြီးလက်သပ်မွေးမယ့် ဗိုင်းရပ်စ်တစ်ခု
ဆုံးဖြတ်ချက်တွေ မနိုင်တဲ့အခါ အဌားဦးနှောက်တွေက
ဆရာများသားသေ ချေမွပျက်စီးသွားနိုင်တဲ့ ဗိုင်းရပ်စ်တစ်ခု
လူဖြစ်ရကျိုးနပ်အောင် လေ့လာသင်ယူရင်းနှင့်
မြှင့်တင်လိုက်တဲ့ ကိန်းဂဏာန်းတွေက အမြင်စွမ်းအားမရှိတဲ့ ဗိုင်းရပ်စ်တစ်ခု
ခဏတာ ငြိမ်ကျသွားတဲ့ခိုက်
မြေကြီးက နင်က လွဲလို့ ဘာမှ သယ်ခွင့် မပေးတဲ့အခါ
နင် ခေါင်းမာ မနေပဲ ငြိမ်ငြိမ်လေး ကြားနာခွင့်ယူမယ့် ဗိုင်းရပ်စ်တစ်ခု… ။ ။အဲ့ အပှဒ်လေးတွေကိုကြိုက်တယ်အားပေးသွားတယ် နော်

commentinfo By: thuya at Dec 15, 2011
Comment #3

အားပေးသွားပါတယ်ဗျို့
လေးလေးစားစားရွှေကြယ်မိုး

commentinfo By: yaewintaung at Dec 15, 2011
Comment #4

ဗိုင်းရပ်စ် ဗိုင်းရပ်စ်

အိုင်ဒီယာကောင်းတယ်ဗျ

အားပေးသွားတယ်နော်

commentinfo By: harris at Dec 15, 2011
Comment #5

ကောင်းတယ်ဗျာ ရွာထဲမရောက်တာ ကြာလို့ ၀င်ဖတ်မိတော့မှ မရောက်ဖြစ်တာနောင်တရတယ်
ကဗျာတွေကောင်းသဗျာ LP တွေ ဒီ့ထက်ကြမ်းရင် ပိုမိုက်မယ် ကိုနရီထက်ရေ သဘောကျသဗျ အားပေးနေပါကြောင်းးးး

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Dec 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment