မောင်နှမ – နရီထက်
စိမ်းလန်းတဲ့ကမ္ဘာ
နှစ်ခြမ်းခွဲဝေယူဘူးတာလည်း ရှိမယ်
မမြင်ရတဲ့အခါ
(ဝေးနေတဲ့အခါ)
မိုးကုပ်စက်ဝိုင်းကို ခွဲခြမ်းကြမယ်
သမ္မတမလိုတဲ့ ပိုင်နက်တွေလည်း ရှိခဲ့ဖူးမယ်
သွေးပျက်ကမ္ဘာလည်း ဖြစ်ခဲ့ဖူးမယ်
ရိုသေမှုနှင့်ချစ်ကြောက်မှုက ရွေးကောက်စရာမလိုဘူး
ယူပါ… ကယ်ပါ… တဆာဆာလည်း ဖြစ်ခဲ့ဖူးမယ်
သူစိမ်းတွေနှင့် နေနေတဲ့ ကမ္ဘာမှာ…
သံယောဇဉ်ကြိုးဟာ မမြင်သာတဲ့အခါတော့ ရှိမယ်
ပြတ်တောက်သွားနိုင်တဲ့ အခြေတော့ မရှိဘူး
တင်မြှောက်စရာမလိုတဲ့ ပိုင်နက်ထဲမှာ
အစ်ကိုကြီး အဖရာ… အစ်မကြီး အမိရာ ဖြစ်ခွင့်ရှိတယ်
အထွေးဆုံးက အသည်းတုံးလေး ဖြစ်ခွင့်ရှိမယ်…။ ။
နရီထက်
( ၁၀ ၊ နိုဝင်ဘာလ ၊ ၂၀၁၁ )
Comment #2
ကောင်းလိုက်တာဗျာ..ငယ်ဘ၀ကိုပြန်လွမ်းမိသလိုလိုတောင်ဖြစ်မိတယ် အစ်မရယ်….
By: သားသား at Nov 11, 2011
Comment #3
အမ မဟုတ်ဘူး ကိုသားသား ၊ကျွန်တော် အကို ကဗျာဆရာ ကိုနရီထက် ကေယာၤက်ာၤေလး ပါဗ်.
By: thuya at Nov 11, 2011
Comment #4
ကဗျာတစ်ပှဒ် လုံးကြိုက်တယ် ကိုကြီး ကောင်းလည်း ကောင်းတယ်။ ကလေးတောင် ပြန်ဖြစ်ချင်သွားတယ် ။
ရိုသေမှုနှင့်ချစ်ကြောက်မှုက ရွေးကောက်စရာမလိုဘူး
ယူပါ… ကယ်ပါ… တဆာဆာလည်း ဖြစ်ခဲ့ဖူးမယ်
သူစိမ်းတွေနှင့် နေနေတဲ့ ကမ္ဘာမှာ…
သံယောဇဉ်ကြိုးဟာ မမြင်သာတဲ့အခါတော့ ရှိမယ်
ပြတ်တောက်သွားနိုင်တဲ့ အခြေတော့ မရှိဘူး . ……… ဒီအပှဒ်လေးက အတွေးကောင်းတယ်။
တင်မြှောက်စရာမလိုတဲ့ ပိုင်နက်ထဲမှာ
အစ်ကိုကြီး အဖရာ… အစ်မကြီး အမိရာ ဖြစ်ခွင့်ရှိတယ်
အထွေးဆုံးက အသည်းတုံးလေး ဖြစ်ခွင့်ရှိမယ်…။ ။……..ဒီအပှဒ်လေးက စာသားရေးထားတာလေး ကောင်းတယ်။ အားပေးနေမယ်နော်။
By: thuya at Nov 11, 2011
Comment #6
hote de..
kwat ti pe..
he..he..100% right.
a nge sone = a soe sone= a lane mar sone= chit phoe a kaung sone= a lo like khan ya sone= choke che hmu a khan ya sone
By: ei lay at Nov 11, 2011
Comment #7
အဲဗျာ..ကျတော်တကယ်ကြီးမသိလို့ပါဗျာ….အစ်ကိုနရီထက်ကဗျာတွေဖတ်လာတာတော့ကြာပြီဗျ….အစ်ကိုတော် တကယ်ကြီးဆောရီးနော်…
ဒါနဲ့ဒီကဗျာလေးတအားကြိုက်လို့ရှဲသွားတယ်ဗျ… 😀
By: သာားသား at Nov 12, 2011
Comment #8
အထွေးဆုံး အသည်းတုံးသာဖြစ်ချင်ပါ၏
ကဗျာလေးကောင်းတယ် အားပေးသွားတယ်နော်
By: harris at Nov 12, 2011
Comment #9
ဒါပေါ့ဗျာ မောင်နှမသံယောဇဉ် ညီအစ်ကိုသံယောဇဉ်ဆိုတာ ပြတ်တယ်ရယ်လို့ဘယ်ရှိပါ့မလဲ
အပြင်ကိုထုတ်ချစ်တာနဲ့ ရင်ထဲကချစ်တာနဲ့ ဒါပဲကွာတာပါ ။
By: X - ray at Nov 16, 2011




Comment #1
ကောင်းလိုက်တာနော်