Professional Authors

ခေတ်သုံး ကိုလိုနီ – နရီထက်

ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခဲ့တာတောင်
ဆီထပ်ဖြည့်ထားပေးလို့  ဆီရွှမ်းရတာလား
အချိန်ဆိုတာ ဖဲ့ပေးဆို ဘ၀တွေကို
စကားစာချုပ်တွေနှင့် ပိုင်ခွင့်ရှိချင်တယ်
လေနဲ့ ၀ယ်ရမယ်ဆို မော်ဒန်ကားလှလှလေးလား
တိုက်ကြီးကြီးလား ၀ယ်ပေးနိုင်တယ်
တစ်ကျပ်ရင်းသမျှ တစ်ရာကိစ္စထက် ကြီးကျယ်တယ်
ငါးပြားတန်ပြသနာတွေက အိပ်ရာဝင်သန်းခေါင်ယံထိ ပါလာတတ်တယ်
ချုပ်ချယ်ခြင်းဆိုတာ ယဉ်ကျေးမှုစနစ်တစ်ခုတဲ့လား
သွေးခွဲခြင်းဆိုတာ အဆင့်အတန်းနှင့် စတေးလို့ရတယ်
မျှော်လင့်ခြင်းဆိုတာ မိုးပျံပူဖောင်းလိုပဲ
မြင့်မြင့်တက်ခိုင်းချင်နေတာ ကွယ်ပျောက်ခြင်းနှင့် လွတ်စေချင်လို့
ပထမ အိမ်မက်ကို ဒုတိယအိမ်မက်နှင့် သိမ်းပိုက်ယူကြတယ်
အရည်အချင်းဆိုတာ ချစ်စရာအကောင်းဆုံး…
ဘ၀တွေကို မကြင်နာနိုင်တာကလွဲလို့
ရေတွေ လေတွေနှင့် ပြည့်နေတဲ့ ဦးနှောက်တွေအတွက်
( အရမ်းလှတဲ့ ပန်းခင်းတွေအတွက် )
ဥယျာဉ်မှူးကောင်းတစ်ယောက်မဟုတ်တဲ့
ခြံပိုင်ရှင်အတွက်တော့ ဈေးကွက်ဆိုတာ ရှိနေအုန်းမယ်။     ။

နရီထက်
( ၁၉ ၊ ဒီဇင်ဘာလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Dec 19, 2011
Comment #1

ကဗျာ လေးက တစ်မျိုးလေး နော် ဖတ်လို့ တော့ ကောင်းတယ်………….
ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခဲ့တာတောင်
ဆီထပ်ဖြည့်ထားပေးလို့ ဆီရွှမ်းရတာလား
အချိန်ဆိုတာ ဖဲ့ပေးဆို ဘ၀တွေကို
စကားစာချုပ်တွေနှင့် ပိုင်ခွင့်ရှိချင်တယ် အဲပှဒ်လးလဲ ကြိုက်တယ် နောက်
မျှော်လင့်ခြင်းဆိုတာ မိုးပျံပူဖောင်းလိုပဲ
မြင့်မြင့်တက်ခိုင်းချင်နေတာ ကွယ်ပျောက်ခြင်းနှင့် လွတ်စေချင်လို့ အဲ့သကားလုံးလေးကြိုက်တယ်.
ရေတွေ လေတွေနှင့် ပြည့်နေတဲ့ ဦးနှောက်တွေအတွက်
( အရမ်းလှတဲ့ ပန်းခင်းတွေအတွက် )
ဥယျာဉ်မှူးကောင်းတစ်ယောက်မဟုတ်တဲ့
ခြံပိုင်ရှင်အတွက်တော့ ဈေးကွက်ဆိုတာ ရှိနေအုန်းမယ်။ ။ကဲ အားပေးသွားတယ်နော်………… အစ ကနေ အဆုံးထိကြိုတယ်

commentinfo By: thuya at Dec 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment