Professional Authors

ပြန်ရောက်လာပြန်ပြီလား (မင်းကိုချစ်တဲ့သူ)

မနက်ဖြန်နေသာမယ်တဲ့
လကွေးကွေးနဲ့ ညအေးအေးဆီက
ကြေးနန်း တစောင်ရတယ်
ဒါပေမယ့် ငါက မဖြေသာနိုင်သေးဘူး…

ဘ၀ခရီးဆိုတာမျိုးက
ကကြီးခခွေး လှလှရေးတတ်ရုံလောက်
မလွယ်ကူပါဘူး
ဒါပေမယ့် ငါက ၀လုံးကိုဝိုင်းအောင်
မရေးတတ်ခဲ့တဲ့သူပါ…

အပြုံးတွေက အတုအယောင်နဲ့
လောကကြီးမှာ သရုပ်ဆောင်နေတဲ့လူတွေ
ရေးကူးတတ်ယုံနဲ့လောက်တော့
ပင်လယ်ထဲမဆင်းချင်စမ်းနဲ့
သူများတံတွေးခွက်ထဲကလွတ်အောင် အရင်ကူးကြည့်ပါ…

ယုယမှုတွေကင်းတဲ့ အခိုက်အတန့်ဟာ
ငါ့ရဲ့ ပစ္စုပ္ပန်ကာလလိုပဲလား
တခါတလေတော့လဲ ပျော်ရွင်ခြင်းတွေက
နေကြတ်သလို ရောက်ရောက်လာတယ်
ဝေခွဲမရတဲ့ အနာဂတ်ကတော့ မျက်ရေတွေစို့လို့…

အတ္တပြင်းပြင်း ရက်စက်ခြင်းတွေကင်းလို့
ညနေခင်းတွေလို ပူလောင်ခြင်းမရှိ
ညအချိန်တွေလို မူယာမပိုတဲ့
မနက်ခင်းရယ် မင်းဟာအရမ်းအပြစ်ကင်းလွန်းတယ်…

ပြန်ရောက်လာပြန်ပြီလား…
နောင်တဆိုတဲ့ လူကြီးမင်းရယ်
ငါ့ရဲ့ဘ၀ထဲကို ၀င် ထွက်ခွင့်များ
Visa ရထားသလားကွယ်…

“မင်းကိုချစ်တဲ့သူ”

In: ကဗျာ Posted By: Date: Dec 3, 2011
Comment #1

wow,,,,
mike de kwar,,,
naung ta ya de style ka mike de.
he,,he,,

commentinfo By: ei lay at Dec 3, 2011
Comment #2

မနက်ဖြန်နေသာမယ်တဲ့
လကွေးကွေးနဲ့ ညအေးအေးဆီက
ကြေးနန်း တစောင်ရတယ်
ဒါပေမယ့် ငါက မဖြေသာနိုင်သေးဘူး…

ဘ၀ခရီးဆိုတာမျိုးက
ကကြီးခခွေး လှလှရေးတတ်ရုံလောက်
မလွယ်ကူပါဘူး
ဒါပေမယ့် ငါက ၀လုံးကိုဝိုင်းအောင်
မရေးတတ်ခဲ့တဲ့သူပါ…

ြိကိုက်တယ်ဗျာ…အမ အားပေးသွားတယ်နော်

commentinfo By: အသဲကွဲမိုး at Dec 4, 2011
Comment #3

kg tel…..kyoe sar!

commentinfo By: Lwan Nge Lay at Dec 4, 2011
Comment #4

ဟုတ်ကဲ့.. လာရောက်ဖတ်ရှုပေးလို့လဲ ကျေးဇူးတင်ပါတယ်… 🙂

Comment #5

အားပေးပါတယ်…။

commentinfo By: SoFarAwayFromU at Dec 4, 2011
Comment #6

ဟုတ်ကဲ့ SoFarAwayFromU… ကျေးဇူးအထူးတင်ပါတယ်…

Comment #7

ကဗျာ လေးကကောင်းတယ် အားပေးနေမယ်

commentinfo By: zinlaylay at Dec 17, 2011
Comment #8

အတ္တပြင်းပြင်း ရက်စက်ခြင်းတွေကင်းလို့
ညနေခင်းတွေလို ပူလောင်ခြင်းမရှိ
ညအချိန်တွေလို မူယာမပိုတဲ့
မနက်ခင်းရယ် မင်းဟာအရမ်းအပြစ်ကင်းလွန်းတယ်…

လောကကြီးကိုအမှန်အတိုင်းမြင်တတ်သူပေါ့…
မနက်ခင်းကအကောင်းဆုံးပဲ…

commentinfo By: ဖူးမေ at Dec 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment