Professional Authors

ခုနှစ်ထွေအကနဲ့မြို့ပြ

ဂျစ်ပဆီတစ်ယောက်ရဲ့ဆံပင်တွေလို
ရျည်လျားကောက်ကွေ့လာ
တခမ်းတနားလောင်မြိုက်မှုတွေနဲ့
အသစ်လွင်ဆုံးမာယာတွေပေါ် လမ်းသလား
ဝံပုလွေနံ့သင်းသင်းခြောက်သွေ့မွဲပြာဒဏ်ရာညတွေ
မိုးမလင်းမိုက်တဲ့မြို့ပြ
သူဟာ ဘ၀ကို စိန်စီရွှေချချင်တဲ့အပျော်ဖတ်မိန်းမတွေကိုလဲ
နောက်ဆုံးပေါ်ဒီဇိုင်းနဲ့ ၀တ်ဆင်ထားပြန်တယ်

မြို့ပြဟာ လူ့ယဉ်ကျေးမှုနဲ့မတန်အောင် တော်လဲသံတွေ ထစ်ချုန်း
မြို့ပြဟာ လူနဲ့သူနဲ့မတူအောင် တွန်းတိုက်မာန်ဖီနေကြ

အတွေးအခေါ်တွေကတစ်ဆင့်
အကုသိုလ်ဓာတ်ကူးပြီး စိတ်လောင်ကျွမ်းရာ
သွေးရိုးသားရိုးဆန္ဒတွေ လုပ်ကြံခံရတဲ့မြို့ပြ
အသက်ဓာတ်က တငွေ့ငွေ့ မှောင်

စတေးကြ . . .
ရောဂါတစ်ခုအတွက် ရောဂါတစ်ခု
ပုတ်ချကြ . . .
ထမင်းတစ်လုတ်အတွက် ထမင်းတစ်လုတ်
လုယက်ကြ . . .
ဘ၀တစ်ခုအတွက် ဘ၀တစ်ခု
နာကျင်ကြ . . .
မျက်ရည်တစ်စက်အတွက် မျည်ရည်တစ်စက်

မြို့ပြရဲ့တောရိုင်းရှုခင်းတွေက တမျှော်တခေါ်
ငါတို့ဟာ ဦးချိုကို ချုံထဲထိုးစိုက်မိတဲ့သမင်ပျိုတွေလို
ငါတို့ဟာ မြို့ပြနဲ့အတူ စိတ်နာကျခဲ့ပြီ

                                                       ကိုသျှား

In: ကဗျာ Posted By: Date: Dec 9, 2011
Comment #1

ကြိုက်တယ်ဗျာ..တကယ်ပဲ။ ခပ်ပြင်းပြင်းအသက်အောင့် သောက်ချလိုက်ရတဲ့ မြို့ပြအရသာကြီး။ စကားလုံးတွေ ချဉ်စုပ်နေတဲ့ အမြည်းတစ်ဖတ် ကိုသျှားရေ ခင်ဗျားနဲ့ကျုပ် မြို့ပြကို သပိတ်မှောက်လိုက်ကြစို့ ။

commentinfo By: ကိုကိုဖရီး at Dec 9, 2011
Comment #2

မြို့ပြရဲ့တောရိုင်းရှုခင်းတွေက တမျှော်တခေါ်
ငါတို့ဟာ ဦးချိုကို ချုံထဲထိုးစိုက်မိတဲ့သမင်ပျိုတွေလို
ငါတို့ဟာ မြို့ပြနဲ့အတူ စိတ်နာကျခဲ့ပြီ

commentinfo By: terry at Dec 9, 2011
Comment #3

မြို့ ပြရဲ့တောရိုင်းရှုခင်းတွေက တမျှော်တခေါ်
ငါတို့ဟာ ဦးချိုကို ချုံထဲထိုးစိုက်မိတဲ့သမင်ပျိုတွေလို
ငါတို့ဟာ မြို့ပြနဲ့အတူ စိတ်နာကျခဲ့ပြီ
ဟုတ်တယ်ဗျ…

Comment #4

စတေးကြ . . .
ရောဂါတစ်ခုအတွက် ရောဂါတစ်ခု
ပုတ်ချကြ . . .
ထမင်းတစ်လုတ်အတွက် ထမင်းတစ်လုတ်
လုယက်ကြ . . .
ဘ၀တစ်ခုအတွက် ဘ၀တစ်ခု
နာကျင်ကြ . . .
မျက်ရည်တစ်စက်အတွက် မျည်ရည်တစ်စက်

commentinfo By: May Kha at Dec 11, 2011
Comment #5

ဝံပုလွေနံ့သင်းသင်းခြောက်သွေ့မွဲပြာဒဏ်ရာညတွေ
မိုးမလင်းမိုက်တဲ့မြို့ပြ
သူဟာ ဘ၀ကို စိန်စီရွှေချချင်တဲ့အပျော်ဖတ်မိန်းမတွေကိုလဲ
နောက်ဆုံးပေါ်ဒီဇိုင်းနဲ့ ၀တ်ဆင်ထားပြန်တယ်

commentinfo By: အသဲကွဲမိုး at Dec 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment